drama wingabar
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဝင်္ကပါ တထောင် စံနန်းတော် (ပထမပိုင်း)

  • 4 ဇန်နဝါရီ 2016

ဘီဘီစီ မြန်မာပိုင်းရဲ့ ခရစ္စမတ် အထူး အစီအစဉ် အဖြစ် ကိုသိန်းမြတ် ရေးသားတဲ့ 'ဝင်္ကပါ တထောင် စံနန်းတော်' အသံလွှင့် ပြဇာတ် ပထမပိုင်းမှာ အမှောင် ကမ္ဘာကြီးထဲကို ဘာမှန်း မသိဘဲ ရောက်သွားရတဲ့ လူငယ်တွေ အဲဒီ အမှောင် ကမ္ဘာကြီးထဲက လွတ်မြောက် နိုင်ကြမှာလား၊ လန်ဒန်မြို့က ဝါသနာရှင်တွေနဲ့ အတူ ဘီဘီစီ ဝိုင်းတော် သားတွေ အားဖြည့် ပါဝင် သရုပ်ဆောင် တင်ဆက်ထား ပါတယ်။

ဒီဇာတ်လမ်းမှာ အောင်သိုက် အဖြစ် ကိုရန်ရှင်းဦး၊ စိုးမိုး အဖြစ် ကိုဗညားစစ်မင်း၊ မြေတွင်း တူးခိုင်းသူ အမျိုးသမီး ကြီး အဖြစ် မသီဒါနွယ်၊ အချုပ်ခန်း အစောင့်တွေ အဖြစ် ကိုမင်းထက်နဲ့ ကိုသက်ထွေးနိုင်တို့က ပါဝင် သရုပ်ဆောင် ပေးထားပါတယ်။