drama wingabar
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဝင်္ကပါ တထောင် စံနန်းတော် (ဒုတိယပိုင်း)

  • 4 ဇန်နဝါရီ 2016

ပထမပိုင်းမှာ တုန်းက အလုပ်ကြမ်းသမား အောင်သိုက်နဲ့ သတင်းထောက် စိုးမိုးတို့ မြေအောက် ဥမင် အထဲက အချုပ်ခန်း တခုထဲ ရောက်နေကြပြီး သူတို့ အခန်း အထဲကို ဒဏ်ရာနဲ့ သတိမေ့မြော နေတဲ့ လူငယ် တယောက်ကို အစောင့် တွေက လာပို့ ခဲ့တာကို နားဆင်ခဲ့ရပါတယ်။ အဲဒီ လူငယ်က ဘယ်သူလဲ၊ ညကျရင် သူရဲတွေ ထွက်လာတဲ့ အဲဒီ အခန်းထဲ သူတို့ကို ဘယ်သူက ထည့်ထား တာလဲ၊ အမှောင် ကမ္ဘာကြီးကို စိုးမိုးထားတဲ့ ပုဂ္ဂိုလ်ကြီးနဲ့ သူတို့ ဆုံတဲ့ အခါ ဘာတွေ ဖြစ်လာ မလဲ၊ ကိုသိန်းမြတ်ရဲ့ ဇာတ်လမ်းကို ကိုမင်းထက်နဲ့ ကိုသိန်းမြတ်တို့ စီစဉ် တင်ဆက်ထားတဲ့ ဝင်္ကပါ တထောင်စံနန်းတော် အသံလွှင့်ပြဇာတ် ဒုတိယပိုင်းကို နားဆင် ကြရမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာ အောင်သိုက်အဖြစ် ကိုရန်ရှင်းဦး၊ စိုးမိုးအဖြစ် ကိုဗညားစစ်မင်း၊ ပိုင်သက်ဇော် အဖြစ် ကိုဇေယျာအောင်၊ ချစ်စုလင်းအဖြစ် မချစ်စု၊ ဥမင်ရာဇာ အဖြစ် ကိုကျော်စွာ၊ အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် အဖြစ် ဦးမောင်မောင်သန်း၊ အချုပ်ခန်း အစောင့်တွေ အဖြစ် ကိုမင်းထက်၊ ကိုသက်ထွေးနိုင် နဲ့ ကိုဘိုဘို တို့က ပါဝင် သရုပ်ဆောင် ပေးထားပါတယ်။