၂၀၁၇-၁၈ ချန်ပီယံလိဂ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲတွေနဲ့ ပြိုင်ပွဲသုံးသပ်ချက်

  • 10 စက်တင်ဘာ 2017

ဒီနေ့မှာတော့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စု အဖွင့်ပွဲတွေ စတင် ကစားကြမှာ ဖြစ်ပါတယ်။ ဒီနှစ် အုပ်စုတွေ မဲခွဲအပြီးမှာတော့ ပရီးမီးယားလိဂ်က စပါးနဲ့ ချယ်လ်ဆီးတို့က အုပ်စုကျပ်အတွင်းမှာ ရောက်ခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့ ခက်ခဲတဲ့ ပွဲတွေကို ရင်ဆိုင်ရ မှာပါ။ ချန်ပီယံလိဂ်ကို တစ်ကျော့ပြန်လာခဲ့တဲ့ လီဗာပူးလ်နဲ့ မန်ယူတို့ကတော့ အုပ်စု ချောင်ခဲ့ပြီး လက်ရှိချန်ပီယံ ရီးယဲယ်က ဒေါ့မန်၊ စပါး၊ အက်ပိုးတို့နဲ့ တစ်အုပ်စုထဲ ကျခဲ့ပါ တယ်။ အုပ်စုတွင်းမှာ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်၊ ဘိုင်ယန်နဲ့ ပီအက်စ်ဂျီ၊ အက်သလက်တီကို- ချယ်လ်ဆီးတို့ အတူကျခဲ့ကြလို့ ဘယ်အသင်းတွေ အုပ်စုပထမရမလဲ ခန့်မှန်းရခက်နေပါတယ်။

ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲစတင်ကတည်းက စိတ်ဝင်စားစရာပွဲတွေထွက်ပေါ်လာခဲ့ပြီး နောက်မှာ ဘောလုံးချစ်ပရိသတ်တွေ စောင့်မျှော်နေတဲ့ ပွဲတွေ ရောက်ရှိလို့လာပါပြီ။ ဒီကနေ့ညပွဲတွေမှာတော့ မန်ယူက အိမ်ကွင်းမှာ ဘာဆယ်၊ ချယ်လ်ဆီးက ကာရာဘတ်၊ ဘာစီလိုနာက ဂျူဗင်တပ်စ်၊ ရိုးမားက အက်သလက်တီကိုတို့နဲ့ ပွဲကြီးပွဲတွေကြည့်၇မှာ ဖြစ်သလို မနက်ဖြန်မှာလည်း လီဗာပူးလ်နဲ့ ဆဗီးယား၊ စပါးနဲ့ ဒေါ့မန်၊ ဖိုင်ယန်နော့ဗ်နဲ့ မန်စီးတီးတို့ပွဲတွေရှိပါတယ်။

ဒီတစ်ပတ် ကစားမယ့် ချန်ပီယံလိဂ်ပွဲတွေနဲ့ ဒီနှစ်ပြိုင်ပွဲအကြောင်းနဲ့ ပတ်သက်ပြီး First Eleven Sport Journal ရဲ့ အကြီးတန်း အယ်ဒီတာ ကိုနန်ဝန် ငြိမ်းချမ်းကတော့ အခုလို သုံးသပ်ပေးထားပါတယ်။

Credit Photo - UEFA