အီတလီ အသင်း ကမ္ဘာဖလား ဘောလုံးပွဲနဲ့လွဲချော်

  • 14 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ၁၉၉၇ တုန်းက ရုရှားနဲ့ ကန်တဲ့ ပွဲမှာ အီတလီ ဂိုးသမား Gianluigi Buffon ကိုတွေ့ရစဉ်

အီတလီ လက်ရွေးစင် အသင်းဟာ နှစ်ပေါင်း ခြောက်ဆယ် အတွင်း မှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကစားခွင့် ဆုံးရှုံး သွားရပြီ ဖြစ်ပါတယ်။

၁၉၅၈ကတည်းက ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အီတလီအသင်းဟာ တောက်လျှောက် ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ကမ္ဘာ့ ချန်ပီယံလေးကြိမ် ဖြစ်ခဲ့ဖူးပါတယ်။

မနေ့က ဆွီဒင် အသင်းနဲ့ မီလန်မြို့မှာ Playoffs ကစားခဲ့ရာမှာ ဂိုးမရှိ သရေ ကျခဲ့ပေမယ့် ပထမ အကျော့ပွဲစဉ်မှာ တဂိုး ဂိုးမရှိနဲ့ ရူံးခဲ့တဲ့ ရလာဒ်ကြောင့် ခြေစစ်ပွဲ မအောင်ဘဲ ဖြစ်သွားခဲ့ရတာ ဖြစ်ပါတယ်။

ပထမအကျော့မှာ အနိုင်ရထားတဲ့ ဆွီဒင် အသင်းကတော့ နောက်နှစ် မှာ ရုရှားမှာကစားမယ့် ကမ္ဘာဖလား ဘောလုံးပြိုင် ပွဲကို ဝင်ရောက် ကစားခွင့်ရရှိသွားပါတယ်။

ဒါဟာ ၂၀ဝ၆ ခုနှစ်ကတည်းက ကမ္ဘာဖလား ဘောလုံးပွဲတွေ ဝင်ကစားခွင့် မရခဲ့တဲ့ ဆွီဒင်အသင်းအတွက် ပထမဆုံး အကြိမ်ပြန်လည်ယှဉ်ပြိုင် ခွင့်ရတာဖြစ်ပါတယ်။