ရုရှား၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဥရုဂွေးတို့ အုပ်စု A မှာပါ၀င်

  • 1 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အဖွင့်ပွဲကျင်းပမယ့် လုဇ်နီကီကွင်း

ကမ္ဘာ့ဖလား အုပ်စု A ပွဲစဉ်များ

ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေကို မဲနှိုက်ရွေးဆွဲအပြီးမှာ အိမ်ရှင် ရုရှား အသင်းဟာ အုပ်စု A မှာပါဝင်ပါတယ်။ ရုရှားဟာ သူ့အုပ်စုမှာ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဥရုဂွေးတို့နဲ့ တစ်အုပ်စုထဲ ကျရောက်မှာ ဖြစ်လို့ ရှုံးထွက် အဆင့်ကို တက်ဖို့ အခွင့်အရေး ရှိနေပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အဖွင့်ပွဲမှာတော့ ရုရှား အသင်းဟာ အာရှတိုက်က ခြေစစ်ပွဲ အောင်လာတဲ့ ဆော်ဒီအာရေဗျအသင်းနဲ့ လုဇနီကီကွင်းကြီးမှာ လာမယ့်နှစ် ဇွန်လ ၁၄ရက်နေ့မှာ ကစားမှာ ဖြစ်ပါတယ်။ အုပ်စု A မှာ နာမည်ကျော် တိုက်စစ်မှူး ဆွာရက်ဇ်နဲ့ ကဗာနီတို့ ပါဝင်တဲ့ ဥရုဂွေးက အုပ်စု ပထမနေရာ ရဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး ရုရှားကလည်း ဒုတိယနေရာနဲ့ နောက်တစ်ဆင့် တက်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်နေကြပါတယ်။

ဒီအုပ်စုမှာ ရုရှားအသင်းဟာ ဆိုဗီယက်ယူနီယံအနေနဲ့ ဆီးမီးဖိုင်နယ်အဆင့်ကို အမြင့်ဆုံး တက်ရောက်ခဲ့ဖူးပြီး ၁၉၆၆ခုနှစ်မှာ စတုတ္ထနေရာ ရခဲ့တာ ဖြစ်ပါတယ်။ ဥရုဂွေးအသင်း ကတော့ ၁၉၃၀နဲ့ ၁၉၅၀ ခုနှစ်တွေမှာ ၂ကြိမ် ချန်ပီယံဖြစ်ဖူးပြီး ဆော်ဒီအာရေဗျ အသင်း က ၁၉၉၄မှာ ရှုံးထွက် အဆင့်ကို တက်ရောက်ဖူးပါတယ်။ အီဂျစ်အသင်းကတော့ ၁၉၃၄နဲ့ ၁၉၉၀မှာ အုပ်စုအဆင့်ကိုသာ တက်ရောက်ဖူးပါတယ်။

အုပ်စု A ပွဲစဉ်များ

ရုရှား - ဆော်ဒီအာရေဗျ (ဇွန်လ ၁၄ - ည ၉း၃၀)

အီဂျစ် - ဥရုဂွေး (ဇွန်လ ၁၅ - ညနေ ၆း၃၀)

ရုရှား - အီဂျစ် (ဇွန်လ ၂၀ - နံနက် ၁၂း၃၀)

ဥရုဂွေး - ဆော်ဒီအာရေဗျ (ဇွန်လ ၂၀ - ည ၉း၃၀)

ဆော်ဒီအာရေဗျ - အီဂျစ် (ဇွန်လ ၂၅ - ည ၈း၃၀)

ဥရုဂွေး - ရုရှား ဇွန်လ (ဇွန်လ ၂၅ - ည ၈း၃၀)

( မြန်မာစံတော်ချိန်တွေ ဖြစ်ပါတယ်။)