၂၀၁၈ ကမ္ဘာ့ဖလား အကြိုသုံးသပ်ချက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်အသင်း ချန်ပီယံ ဖြစ်နိုင်မလဲ

  • 1 ဒီဇင်ဘာ 2017

ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကို မဲနှိုုက်အပြီးမှာတော့ ဘယ်ဂျီယံနဲ့ အင်္ဂလန်၊ ယူရိုချန်ပီယံ ပေါ်တူဂီ က စပိန်တို့ အုပ်စုတွေမှာ ဆုံတွေ့ကြမှာ ဖြစ်ပါတယ်။ အိမ်ရှင် ရုရှားအသင်းက အုပ်စု A မှာ အီဂျစ်၊ ဥရုဂွေး၊ ဆော်ဒီအာရေဗျတို့နဲ့ ကစားရမှာ ဖြစ်လို့ နောက်တစ်ဆင့်တက်ဖို့ အခွင့် အရေး များလာခဲ့ပါတယ်။ ကမ္ဘာ့ချန်ပီယံ ဂျာမနီ အသင်းကတော့ ကစားရခက်တဲ့ မက္ကဆီကို၊ ဆွီဒင်တို့အပြင် တောင်ကိုးရီးယား ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အင်္ဂလန်ကတော့ ဘယ်ဂျီယံ၊ တူနီးရှား၊ ပနားမားတို့နဲ့ အတူကျမှာ ဖြစ်ပြီး အအောင်မြင်ဆုံးဖြစ်တဲ့ ဘရာဇီးလ်က ဆွစ်ဇာလန်၊ ကော်စတာရီကာ၊ ဆားဘီးယားတို့နဲ့ ကစားရမှာပါ။ အုပ်စုပွဲတွေ မဲခွဲအပြီးမှာတော့ အုပ်စု D ကအကြိတ် အနယ်ရှိဆုံး အုပ်စု ဖြစ်လာ ဖို့ရှိပါတယ်။ အဲ့ဒီအုပ်စုမှာတော့ အာဂျင်တီးနား၊ ခရိုအေးရှား၊ အိုက်စလန်၊ နိုက်ဂျီးရီးယားတို့ ပါဝင်ကြမှာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲကိုတော့ လာမယ့်နှစ် ဇွန်လ ၁၄ရက်နေ့ မြန်မာစံတော်ချိန် ည ၉နာရီခွဲအချိန်မှာ အိမ်ရှင် ရုရှားနဲ့ ဆော်ဒီအာရေဗျတို့ ကစားကြမှာ ဖြစ်ပါတယ်။