အုပ်စု (ဘီ) က စပိန် နဲ့ ပေါ်တူဂီတို့ရဲ့ ပွဲကြီးပွဲကောင်း

  • 14 ဇွန် 2018
ဓာတ်ပုံ မူပိုင် EPA
Image caption ဒီယေဂို ကော်စတာ တို့ ဟာ ဒဏ်ရာ ပြဿနာ ကင်းရှင်းပြီး အဖွင့်ပွဲမှာ ပါဝင် ကစား နိုင်မှာ ဖြစ်

အုပ်စု(ဘီ) ရဲ့ ပွဲကျပ် လို့ ခေါ် ဆိုနိုင်တဲ့ စပိန် အသင်း နဲ့ ပေါ်တူဂီ အသင်းတို့ရဲ့ ပွဲစဉ် ကို ဇွန်လ ၁၅ ရက် နေ့ မြန်မာ စံတော်ချိန် ည ၁၂ နာရီခွဲမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

စပိန် အသင်းမှာ နာမည်ကျော် ကစားသမားတွေ ဖြစ်တဲ့ ဒဟဲယား၊ ရာမို့စ်၊ ဒါးဗစ် ဆေးဗား နဲ့ ဒီယေဂို ကော်စတာ တို့ ဟာ ဒဏ်ရာ ပြဿနာ ကင်းရှင်းပြီး အဖွင့်ပွဲမှာ ပါဝင် ကစား နိုင်မှာ ဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းမှာလည်း တိုက်စစ်မှူ ခရစ္စတီယာနို ရော်နယ်ဒို ကို အခြေခံပြီး အန်ဒရေ ဆေးလ်ဗား၊ ဘရူနို ဖာနန်ဒက် နဲ့ ပီပီ စတဲ့ လူသိထင်ရှားရှိတဲ့ ကစားသမားတွေ ပါဝင် ကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ပေါ်တူဂီ အသင်းသားများကို လေ့ကျင့်ရေး ကွင်းမှာ တွေ့ရစဉ်

၂၀၁၆ ခုနှစ် ဥရောပ ချန်ပီယံ ပေါ်တူဂီကပဲအနိုင်ယူ နိုင်မလား၊ ၂၀၁၀ ကမ္ဘာ့ ဖလား ချန်ပီယံ စပိန်တို့ကပဲ အနိုင်ယူ သွားမလား ဘောလုံးချစ် ပရိသတ် တို့ အကြား ရင်ခုန် စွာနဲ့ စောင့်မျှော် နေကြပါတယ်။

Image caption စောင့်ကြည့်ရမယ့် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒို

စောင့်ကြည့်ရမယ့် ကစားသမား

ခရစ္စတီယာနို ရော်နယ်ဒို (ပေါ်တူဂီ)

ဒါးဗစ် ဆေးလ်ဗား (စပိန်)

ဒိုင်လူကြီး ROCCHI Gianluca (အီတလီ)

Image caption စပိန် ကွင်းလယ် ဗိုလ်ချုပ် ဒါးဗစ် ဆေးလ်ဗား

မနက်ဖန်မှာ ကစားကြမယ့် ပွဲစဉ်တွေရဲ့ သုံးသပ်ချက်နဲ့ ၂၀၁၈ ခုနှစ် ရုရှား ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး က သတင်း စုံစုံလင်လင် ကိုလည်း http://www.bbc.com/burmese/44474448 မှာ တင်ဆက် ပေးထားပါတယ်။