ပြင်သစ်အိုးပင်း မေ ၃၁ အခြေအနေ

  • 1 ဇွန် 2012
Nadal ဓာတ်ပုံ မူပိုင် Getty
Image caption ရာဖာရယ် နာဒါး

ပြင်သစ် အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသား တဉီးချင်းပွဲတွေမှာ ဖလားရမယ်လို့ ရေပန်းစားနေတဲ့ Raphael Nadal ဟာ ဒုတိယအဆင့်မှာ ဥဇဘက်ကစ္စတန်က Istomin ကို ၆-၂၊ ၆-၂၊ ၆-၀ သုံးဆက်ပြတ်နဲ့ အနိုင်ရပြီး တတိယ အဆင့် တက် သွားပါတယ်။

တခါ ပြင်သစ်က Jo-wilfred Tsonga နဲ့ ဗြိတိသျှ နံပါတ်တစ် အင်ဒီ မာရေး တို့လည်း ပြိုင်ဘက်တွေကို သုံးဆက် တဆက်စီနဲ့ အသီးသီးနိုင်ပြီး တတိယ အဆင့် တက်သွားပါတယ်။

အမျိုးသမီးပွဲတွေမှာတော့ အရင် ကမ္ဘာ့နံပါတ်တစ် မာရီယာရှာရာပိုဗာနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ပြင်သစ်အိုးပင်း ချံပီယန် ဖြစ်ခဲ့ဘူးတဲ့ အီတလီက ဖရန်ချက်စာ စကီယာဗွန်းနီတို့လည်း တတိယအဆင့်ကို အသီးသီး တက်သွားကြပါတယ်။