ချန်ပီယံ စပိန်ဆီက ယူရိုဖလားကို အင်္ဂလန် အရယူ နိုင်မလား

  • 1 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဝိန်းရူနီက ပထမ ၂ ပွဲ ကစားခွင့်မရှိဘဲ၊ လန်းပါတ် ကတော့ ဒဏ်ရာကြောင့် မကစားနိုင်တော့ပါ

၂၀၁၂ ဥရောပဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်တွေကို ပိုလန်နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး လက်ရှိ ချန်ပီယံ စပိန်ဆီကနေ အင်္ဂလန် အရယူ နိုင်မလားဆိုတာ ကို အကဲခတ်နိုင်ဖို့ အင်္ဂလန်အသင်း အခြေအနေကို ကြည့်ကြရအောင်။

ကစားမယ့်ပုံစံ

အင်္ဂလန်အသင်း နည်းပြသစ် Roy Hodgson အနေနဲ့ အသင်းအခြေအနေကို ပြန်သုံးသပ်ဖို့အတွက် အချိန်အနည်းငယ်ပဲ ရှိပါတယ်။ ဒါကြောင့်မို့လို့ နည်းပြသစ် အနေနဲ့ အရည်အချင်း အဆင့်မီတဲ့ ကစားသမား အများအပြားထဲကနေ ရွေးချယ်မှုတွေ ပြန်လုပ်နိုင်ပါတယ်။

အရင်တုန်းက လစ်ဗာပူးလ်၊ ဖူလန်မ် နဲ့ ဝက်စ်ဘရောင်း အသင်းတို့မှာလည်း နည်းပြလုပ်ခဲ့ဖူးတဲ့ Roy Hodgson ဟာ ၄-၄-၂ ပုံစံနဲ့ ကစားခိုင်းတဲ့နေရာမှာ နာမည်ကြီးသူ တဦး ဖြစ်ပါတယ်။ ဒါပေမယ်လို့ ဝိန်းရူနီ မပါတဲ့ပွဲ အတွက်တော့ ဒန်နီ ဝဲလ်ဘက်ခ် အနောက်မှာ စတီဖင် ဂျရတ်ကို ထား ကစားမယ့်ပုံရှိနေပါတယ်။

နောက်တန်းကို အားကောင်းအောင် လုပ်ပြီး ခံစစ်နဲ့ ကစားတဲ့ ပုံစံဟာလည်း မစ္စတာ Hodgson ရဲ့ အောင်မြင်တဲ့ ကစားနည်းတခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ ရှေ့တန်းတိုက်စစ်မှူးတွေကို အားကောင်းစေဖို့ တိုက်စစ်လည်း ကစားနိုင်တဲ့ အလယ်တန်း ကစားသမားတွေကို ကစားကွက်ထဲမှာ ထည့်ထားပါတယ်။

ရူနီဟာ ပထမအုပ်စုပွဲစဉ်တွေအတွက် တားမြစ်ခံထားရသူ ဖြစ်လို့ သူမပါတဲ့ပွဲတွေ အတွက်တော့ မျှော်လင့်ချက် သိပ်မရှိပေမယ့်လည်း ပြီးခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်ရင် အင်္ဂလန်အသင်းဟာ တန်ပြန် ထိုးစစ်နဲ့ ကစားရာမှာ အဆင်ပြေတာကို တွေ့ရပါတယ်။

ဒီအတွက် အင်္ဂလန်အသင်း ကစားမယ့် ပုံစံဟာ ၄-၂-၃-၁ ဖြစ်နိုင်ချေရှိပါတယ်။

ဖြစ်နိုင်ချေရှိတဲ့ ကစားမယ့် သူတွေကတော့ -

တို့ ဖြစ်ကြပါတယ်။

စတားပလေယာ ဘယ်သူ ဖြစ်နိုင်မလဲ

ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမား တဦးအဖြစ် ၁၀ နှစ်ကျော် သတ်မှတ်ခံထားရတဲ့ လစ်ဗားပူးလ် အသင်းက စတီဖင် ဂျရတ် အနေနဲ့ရော အောင်မြင်မှုမရဖြစ်နေတဲ့ အင်္ဂလန်အသင်းကို အပေါ်ဆင့်တွေကို ရောက်အောင် ဆွဲတင် နိုင်ပါ့မလားဆိုတာ ဟာလည်း သံသယ ဖြစ်စရာပါ။

ရွှေခတ်ကစားသမားလို့ တင်စားခေါ်ခဲ့တဲ့ စတီဖင် ဂျရတ်ပေါ်အားကိုးနိုင်မယ့် အခြေအနေဟာလည်း မှေးမိန်လာနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝိန်းရူနီ မရှိတဲ့ အတွက် စတီဖင် ဂျရတ် တယောက် ကြံ့ခိုင်မှု အပြည့် ရှိမယ်ဆိုရင်တော့ သူ့ကို အများကြီး အားထားရမှာ ဖြစ်ပါတယ်။

စောင့်ကြည့်ရမယ့် နောက်တယောက်

မန်ချက်စတာ ယူနိုက်တစ် တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘက်ခ်ကို အင်္ဂလန် ပထမအဆင့်မှာ ကစားဖို့ ရွေးချယ်နိုင်တယ်လို့ အကဲခတ် အများစုကတော့ မှတ်ချက်ပေး ပြောဆိုနေကြပါတယ်။ အသက် ၂၁ နှစ်အရွယ် ဒန်နီ ဝဲလ်ဘက်ခ်ဟာ အင်္ဂလန်အသင်းမှာ အခုအချိန်အထိ ၄ ပွဲကစား ခဲ့ပြီး ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အောင် နိုင်ငံတကာပွဲတွေမှာတော့ သူဟာ ၁၄ ပွဲကစားထားပြီး ၅ ဂိုးသွားထားသူလည်း ဖြစ်ပါတယ်။ ဒါပေမယ်လို့ ဒီနှစ်ဘောလုံး ရာသီကုန်ပွဲမှာ ဒဏ်ရာရခဲ့တဲ့အတွက် အပြည့်အဝ ပြန်ကောင်းလာဖို့တော့ လိုအပ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ