ဂျာမနီအသင်း နဲ့ ယူရို ၂၀၁၂

Germany ဓာတ်ပုံ မူပိုင် getty

ဘောလုံးစွမ်းရည် အစဉ်အလာကောင်းတဲ့ ဂျာမနီအသင်းအနေနဲ့ ဒီနှစ် ပိုလန်နဲ့ ယူကရိန်းမှာ ကျင်းပမယ့် ယူရို ၂၀၁၂ ပြိုင်ပွဲကြီးမှာ အလားအလာ ကောင်းတွေ ရှိနိုင်မလား။

ဂျာမနီအသင်းကစားပုံ

၂၀၁၀ ကမ္ဘာဖလားကတည်းက ဂျာမနီအသင်းဟာ ဘောလုံးကို ကိုယ့်ခြေထဲမှာ အပိုင်ထိမ်းပြီး ကစားတဲ့ ပုံစံဘက်ကို ပိုသွားနေတာ တွေ့ရပါတယ်။ ကွင်းလယ်ကို အရင်ထိမ်းထားနိုင်အောင် လုပ်ပြီးမှ အခွင့်ရရင် ရှေ့တန်းမှာ ထိုးဖောက်ကစားနိုင်အောင် လုပ်ဆောင်တဲ့ ပုံစံပါ။ ဖြစ်နိုင်ချေရှိတဲ့ ကစားမယ့် ပုံစံကတော့ ၄-၂-၃-၁ ဖြစ်နိုင်ပါတယ်။

Image caption အသင်းနည်းပြ Joachim Loew

ဖြစ်နိုင်ချေရှိတဲ့ ပထမ ပွဲဦးထွက် ကစားမယ့် ၁၁ ဦးကတော့

  1. Manuel Neuer
  2. Philipp Lahm
  3. Mats Hummels
  4. Holger Badstuber
  5. Marcel Schmelzer
  6. Bastian Schweinsteiger
  7. Sami Khedira
  8. Thomas Mueller
  9. Mesut Ozil
  10. Lucas Podolski
  11. Mario Gomez

တို့ ဖြစ်နိုင်ပါတယ်။

စတားပလေယာ ဘယ်သူဖြစ်မလဲ

၂၀၁၀ ကမ္ဘာဖလားတုန်းကမှ လူသိပိုများလာတဲ့ Mesut Ozil ကတော့ အခုပွဲမှာ စတားပလေယာ ဖြစ်လာနိုင်ပါတယ်။ သူဟာ Golden Ball Award ဆု အတွက်လည်း ပဏာမ အဆင့် အရွေးခံခဲ့ရသူဖြစ်ပါတယ်။

စောင့်ကြည့်ရမယ့်သူ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အလယ်တန်းလူ Toni Kroos ကတော့ ဒီပွဲမှာ ခြေစွမ်းတွေ ပြလာနိုင်ပါတယ်။ သူဟာ ၂၀၀၇ တုန်းက အသက် ၁၇ နှစ်အောက် ကမ္ဘာ့ဖလားမှာ အကောင်းဆုံး ကစားသမား အဖြစ် အရွေးခံရသူ ဖြစ်ပါတယ်။