ပြင်သစ်အိုးပင်း ကွားတားပွဲစဉ်များ

  • 6 ဇွန် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ရှုံးနိမ့်သွားသူ ဗြိတိန်က မျှော်လင့်ထားတဲ့ Andy Murray

ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပြင်သစ်အိုးပင်း အမျိုးသား တဦးချင်း ကွာတားဖိုင်နယ် တင်းနစ်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ စပိန်နိုင်ငံသား Rafeal Nadal က တနိုင်ငံတည်းသား Nicolas Almagro ကို ၇-၆ (၇-၄) ၆-၂ ၆-၃ နဲ့ သုံးဆက်ပြတ်နိုင်သွားပြီး ဆီမီးဖိုင်နယ်ကို တက်သွားပါတယ်။

တခြား ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ စပိန်က David Ferrer က ဗြိတိန်ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်တဲ့ Andy Murray ကို ၆-၄ ၆-၇ (၃-၇) ၆-၃ ၆-၂ သုံးဆက် တစ်ဆက်နဲ့ နိုင်ပြီး ဆီမီးဖိုင်နယ်တက်သွားပါတယ်။

ဒါကြောင့် ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ Rafeal Nadal ဟာ David Ferrer နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး Roger Federer က လက်ရှိ ကမ္ဘာ့နံပါတ် ၁ Novak Djokovic နဲ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

အမျိုးသမီး တဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့ Petra Kvitova (Cze)က Yaroslava Shvedova (Kaz)ကို ၃-၆ ၆-၂ ၆-၄ နဲ့နိုင်ပြီး Maria Sharapova (Rus) က Kaia Kanepi (Est) ကို ၆-၂ ၆-၃ နိုင်ပြီး ဆီမီးဖိုင်နယ် တက်သွားကြပါတယ်။

ဒါကြောင့် အမျိုးသမီး တဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ Samantha Stosur (Aus)နဲ့ Sara Errani (ITA) နောက်ပြီး Petra Kvitova (CZE) နဲ့ Maria Sharapova (RUS)တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။