ရုရှားဘောလုံး ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုကို စုံစမ်းစစ်ဆေးမယ်

  • 10 ဇွန် 2012
ဓာတ်ပုံ မူပိုင်
Image caption ရုရှား ဘောလုံး ပရိတ်သတ်တွေဟာ တာဝန်ရှိသူ တွေကို ထိုးကြိတ် ကန်ကျောက်ခဲ့ပါတယ်

ယူရို ၂၀၁၂ ဥရောပဖလား ဘောလုံးပြိုင်ပွဲ ပထမပွဲနေ့ ဒုတိယပွဲစဉ် အဖြစ် ရုရှားနဲ့ ချက်စ် အသင်းတို့ပွဲမှာ ပိုလန် ဘောလုံးပရိသတ် တွေ အပါအဝင် ရုရှားဘောလုံး ပရိသတ်တွေ ခိုက်ရန် ဖြစ်ပွားခဲ့တာကြောင့် ရုရှား ပရိသတ်တွေရဲ့ လုပ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ ဥရောပ ဘောလုံး အဖွဲ့ချုပ် ကနေ စုံစမ်းရေး ကော်မတီတရပ် ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။

ပိုလန်နိုင်ငံ အနောက်ဖက် ဝရော့တ်ကွာ အာကစားကွင်းမှာ သောကြာနေ့က ကစားတဲ့ ပွဲမှာ ရုရှားက ချက်စ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရုရှား ဘောလုံး ပရိသတ်တွေဟာ ဘောလုံးကွင်း လုံခြုံရေး တာဝန်ရှိသူတွေကို ထိုးကြိတ် ကန်ကျောက်ခဲ့တာကို လုံခြုံရေး ကင်မရာတွေ ကနေ ပြန်တွေ့ရပါတယ်။

ဒီအတွက် လုံခြုံရေး လေးဦးကို ဆေးရုံတင် ကုသထားရပါတယ်။

အဲဒီပွဲမှာရှိတဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး စောင့်ကြည့်သူတွေ ပြောတာကတော့ ပရိသတ်ထဲက အုပ်စုတစုဟာ ချက်စ်နိုင်ငံ အသင်းက လူမဲ ကစားသမား သီယာဒေါ ဂရတ်ဘီ ဆီလက်ဆီ ကို ဝိုင်းပြီး လူမျိုးရေး ခွဲခြားတဲ့ စကားတွေနဲ့ အော်ဟစ် ပြောဆို ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ