ပြင်သစ် အိုးပင်း နဒါး အနိုင်ရ

  • 11 ဇွန် 2012
Nadal ဓာတ်ပုံ မူပိုင် AFP
Image caption ရာဖာရယ် နဒါး

စပိန်နိုင်ငံက တင်းနစ်သမား ရာဖာရယ် နဒါးဟာပြင်သစ်မှာ ကျင်းပနေတဲ့ ပြင်သစ် အိုးပင်းပြိုင်ပွဲကို အနိုင်ရ လိုက်ပါပြီ။

သူဟာ ဒီပြိုင်ပွဲကို ၇ ကြိမ်မြောက်နိုင်တာ ဖြစ်ပြီး အကြိမ်အရေအတွက်အားဖြင့် အများဆုံး စံချိန်တင် အနိုင်ရတာလည်း ဖြစ်ပါတယ်။

နဒါးဟာ တင်းနစ် ကမ္ဘာ့နံပါတ်တစ် နိုဗက် ဂျိုကိုဗစ်ကို ဆက် ၄ ဆက် အရောက်မှာ အနိုင်ရတာ ဖြစ်ပါတယ်။

ဒီဗိုလ်လုပွဲကို ဇွန်လ ၁၀ ရက် တနင်္ဂနွေနေ့ကတည်းက စတင်ယှဉ်ပြိုင်ခဲ့ပေမယ့် မိုးရွာတဲ့အတွက် ပွဲကို နားထားခဲ့ရပြီး တနင်္လာနေ့မှာ ပြန်ပြီး ကစားတာ ဖြစ်ပါတယ်။

ဂရင်းစလင်းပွဲ လေးပွဲစလုံးကို တဆက်တည်းမှာ အနိုင်ရဖို့ ရည်မှန်းထားတဲ့ ဂျိုကိုဗစ်ရဲ့ အိပ်မက်ကတော ပျက်ပြယ်ခဲ့ရပါတယ်။