အင်္ဂလန်နဲ့ပြင်သစ်တို့ သရေကျ

  • 11 ဇွန် 2012
ပြင်သစ်နဲ့ အင်္ဂလန်တို့ ပွဲဦးထွက်ဆင်နွှဲ ဓာတ်ပုံ မူပိုင် AFP
Image caption ပြင်သစ်နဲ့ အင်္ဂလန်တို့ ပွဲဦးထွက် ဆင်နွှဲ

ယူရို၂၀၁၂ ဘောလုံးပွဲ အင်္ဂလန်အသင်းပွဲဦးထွက် ပြင်သစ်နဲ့ တဂိုးစီသရေကျသွားပါတယ်။ အုပ်စုဒီ ရဲ့လူကြိုက်များတဲ့ အသင်းနှစ်သင်းတို့ဟာ တမှတ်စီဆွတ်ခူးနိုင်ပါပြီ။ အင်္ဂ်လန်အသင်းမှာ ကပ္ပတိန် Steven Gerrard ရဲ့အလွတ်ကန်ဘောကို Joleon Lescottက ခေါင်းတိုက်ပြီးစသွင်းနိုင်ခဲ့ပါတယ်။ အားလပ်ချိန်မပေးမီမှာဘဲ ပြင်သစ်ကSamir Nasriက ချေပဂိုးသွင်းနိုင်ခဲ့ပါတယ်။ အင်္ဂလန်နည်းပြသစ် Hodgsonလက်အောက်မှာ အင်္ဂလန်ဟာ စည်းကမ်းတိတိကျကျနဲ့ စနစ်တကျ ကစားသွားနိုင်တာတွေ့ရပါတယ်။

နောက်ထပ်အုပ်စုဒီ ပွဲစဉ်မှာတော့ အိမ်ရှင်တနိုင်ငံဖြစ်တဲ့ ယူကရိန်း အသင်းက ဆွီဒင်အသင်းကို ၂ဂိုး၁ဂိုးနဲ့ နိုင်သွားပါတယ်။အဲဒီ၂ဂိုးစလုံးကို အသင်းကပ္ပတိန် Andriy Shevchenko ကသွင်းသွားတာပါ။ ပြင်သစ်နဲ့အင်္ဂလန်က အုပ်စုဒီမှာ ၁ဂိုးစီသရေပွဲ ကစားသွားတဲ့အတွက် ယူကရိန်းအဖို့တော့ အုပ်စုပွဲကနေ ဆက်တက်ဖို့ အလားအလာကောင်းပါတယ်။ ဆွီဒင်အသင်းကတော့ မထွက်ရအောင် အတော်ကြိုးစားရပါလိမ့်မယ်။

နောက်အားကစား သတင်းတပုဒ်ကတော့ ပြင်သစ်အိုးပင်း အမျိုးသား တဦးချင်းတင်းနစ် ဗိုလ်လုပွဲမှာ Rafael Nadalက Novak Djokovicကို ၆၊၄ ၆၊၃ ၂၊၆ ၇၊၅နဲ့အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ဒါဟာ နာဒဲလ်အတွက် ပြင်သစ်အိုးပင်းမှာ ၇ကြိမ်ဆက်တိုက် ဗိုလ်စွဲပြီး စံချိန်တင်လိုက်နိုင်တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ