ဂျာမနီ ဆီမီးတက်

  • 22 ဇွန် 2012
germany greece ဓာတ်ပုံ မူပိုင် AFP
Image caption ဂျာမနီ အသင်း အောင်ပွဲ အတွက် ပျော်မြူးနေတဲ့ ဝန်ကြီးချုပ်

ယူရို ၂၀၁၂ ဥရောပဘောလုံး ချန်ပီယံ လုပွဲကြီးရဲ့ ကွာတားဖိုင်နယ် ဒုတိယ ပွဲစဉ် အဖြစ် ဂျာမနီနဲ့ ဂရိတို့ သောကြာနေ့ညက ကန်ခဲ့ကြပါတယ်။

အများ မျှော်လင့်ထားကြတဲ့ အတိုင်း ဂျာမနီရဲ့ ခြေက ဂရိထက် အများကြီး သာပြီး ဘောလုံး ပိုင်ဆိုင်မှုမှာလည်း အများကြီး ပိုရခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ပထမပိုင်းမှာတော့ နာမည်ကြီး ဂိုးမက်စ်၊ မူလာနဲ့ ပိုဒေါ့စကီးတို့ကို ထည့် မကစားခဲ့ပါဘူး။

ပထမပိုင်း ၃၉ မိနစ်မှာ ဂျာမနီ ဘက်က ဖိလစ် လမ်းမ်က ဂျာမနီရဲ့ ဗွေဆော်ဦး ဂိုး သွင်းယူ နိုင်ခဲ့ပြီး ပထမပိုင်းမှာ ၁ ဂိုး သုညနဲ့ ဂျာမနီက ဦးဆောင်နေပါတယ်။

ဒုတိယပိုင်း မှာတော့ ဂရိဘက်က ခြေနည်းနည်း တက်လာသလို ၅၅ မိနစ်မှာတော့ ဂရိအသင်းက ဆမရပ်စ်က ဂရိအတွက် ချေပဂိုးသွင်းလို့ ဂျာမန်တွေ ခဏတာ ပျာယာခတ် သွားပါတယ်။

ဒါပေမယ့် ဂျာမနီ အသင်းဟာ ပွဲကို ပြန်ထိန်း ကစားနိုင်ပြီး ဆက်တိုက် ဂိုးတွေ သွင်းရာမှာ နောက်ဆုံးတော့ ၄ ဂိုး ၂ ဂိုးနဲ့ ဂရိကို နိုင်ပြီး ဆီမီးဖိုင်နယ် ကို တက်သွားပါပြီ။

စနေနေ့ ညမှာတော့ စပိန်နဲ့ ပြင်သစ်၊ တနင်္ဂနွေနေ့ ညမှာတော့ အီတလီနဲ့ ပေါ်တူဂီတို့ ကွာတား ဖိုင်နယ်ပွဲတွေ ကန်ကြဖို့ ရှိပါတယ်။