ယူရို ၂၀၁၂ အကြိုဗိုလ်လုပွဲ ကြိုတင် သုံးသပ်ချက်

  • 25 ဇွန် 2012
ဓာတ်ပုံ မူပိုင် Getty
Image caption ပေါ်တူဂီ အသင်းက သရေ ခံကစားသွားနိုင်တယ်

ဇွန်လ ၂၇ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ယူရို ၂၀၁၂ အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်မှာ စပိန်အသင်းနိုင်ချေ မရှိဘဲ၊ မိနစ် ၉၀ အတွင်း ပေါ်တူဂီက သရေခံ ကစားသွား နိုင်တယ်လို့ အားကစား ကလောင်ရှင် ဦးဇော်မျိုးသန့်က သုံးသပ်ထားပါတယ်။

ပွဲစဉ် မိနစ် ၉၀ အတွင်း စပိန် အနိုင်ရမှာ မဟုတ်ဘဲ နောက်ပိုင်းမှာ ပေါ်တူဂီ နိုင်သွားလိမ့်မယ်လို့ သူကပြောပါတယ်။ ပယ်နယ်တီ ကန်ရပြီ ဆိုရင်တော့ ကံတရားလည်း ပါလိမ့်မယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၈ ရက် ကြာသပတေးနေ့ ပွဲမှာတော့ ဂျာမဏီ ခြေကကောင်းပြီး ဂိုးသွင်း သေချာမှုတွေ ရှိပေမယ့်လည်း၊ အကြိုဗိုလ်လုပွဲ အဆင့် ရောက်လာပြီ ဆိုတော့လည်း အီတလီကလည်း ဂုဏ်သိက္ခာ ရှိတဲ့ အသင်းဖြစ်တဲ့ အလျောက် ဂျာမဏီကို အောက်တန်းက ခံကစားမယ်လို့တော့ မထင်ကြောင်း ဦးဇော်မျိုးသန့်က ပြောပါတယ်။

ခြေစွမ်းအရာ ဂျာမဏီကို ကြိုက်တယ်၊ ဒါပေမယ့် ဒီနှစ် အီတလီ ထွက်လာတဲ့ ပုံစံက ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ် တုန်းက ခြေပုံစံမျိုး ဖြစ်နေတာ့ကာ၊ ဒီပွဲမှာ အီတလီက အသည်းအသန် ကစားလိမ့်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည် ခြေစွမ်း၊ ဂိုးသွင်းသေချာမှု နဲ့ ကစားပုံလည်း ကောင်းတဲ့ ဂျာမဏီကတော့ အနိုင်ရဖို့ ရှိတယ်လို့ သူက သုံးသပ်ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ