အင်္ဂလန်ကို အနိုင်ရပြီး အီတလီ ဆီးမီးတက်

  • 25 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ပယ်နယ်တီနဲ့ အဆုံးအဖြတ်ပေးခဲ့ရာမှာ အီတလီက ၄ ဂိုး၊ ၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်

တနင်္ဂနွေနေ့ညက နောက်ဆုံး ကွာတားဖိုင်နယ် အဖြစ် အီတလီနဲ့ အင်္ဂလန် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာမှာ မိနစ် ၉၀ မှာ ဂိုးမရှိ သရေကျပြီး၊ အချိန်ပို မိနစ် ၃၀ မှာလည်း တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ခဲ့ကြပါ။

အဲဒီနောက် ပယ်နယ်တီနဲ့ အဆုံးအဖြတ်ပေးခဲ့ရာမှာ အီတလီက ၄ ဂိုး၊ ၂ ဂိုးနဲ့ အနိုင် ရရှိသွားပါတယ်။

ကွားတာဖိုင်နယ် လေးပွဲမှာ အီတလီနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ပွဲတခုပဲ ပယ်နယ်တီနဲ့ အဆုံးအဖြတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ပယ်နယ်တီမှာ ဘယ်တော့မှာ ကံမကောင်းတတ်တဲ့ အင်္ဂလန်၊ အခု ကွာတားမှာလည်း အီတလီကို ရှုံးပြီး ပြိုင်ပွဲက ထွက်သွားခဲ့ရပါတယ်။

ဒီပွဲတခုလုံးရဲ့ ပွဲခြေကို ကြည့်မယ်ဆိုရင် အီတလီက အင်္ဂလန်ထက် သာတယ်ဆိုတာကို တွေ့ရဆိုပြီး မြန်မာနိုင်ငံက အားကစား ဆောင်းပါးရှင် ဦးဇော်မျိုးသန့်က သုံးသပ်ပါတယ်။

အီတလီအသင်းဟာ အကြိုဗိုလ်ပွဲမှာ ဂျာမဏီအသင်းနဲ့ ဇွန်လ ၂၈ ရက် ကြာသပတေးနေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ