ဝင်ဘယ်လ်ဒန် ဒုတိယနေ့ ပွဲစဉ် ရလဒ်

  • 27 ဇွန် 2012
ဓာတ်ပုံ မူပိုင် Getty
Image caption အန်ဒီ မာရေးက ရုရှ ကစားသမားကို အနိုင်ယူ

အင်္ဂါနေ့က ကျင်းပတဲ့ ဝင်ဘယ်ဒန် တင်းနစ် ပြိုင်ပွဲ ဒုတိယ နေ့ ပွဲစဉ် တွေမှာ အရင်က နှစ်ကြိမ် နိုင်ဖူးတဲ့ ရဖာရယ်လ် နဒါးလဲ ဝင်ပြိုင်ပြီး ဒုတိယ အဆင့် တက်သွား ခဲ့ပါတယ်။

ပြင်သစ် အိုးပင်း တင်းနစ် ပြိုင်ပွဲမှာ စံချိန်ကျိုး အောင် ၇ ကြိမ် ၇ ခါ နိုင်ထားခါစ နဒါးက ဘရာဇီး ကစားသမား ဘလူချီကို ၇ -၆၊ ၆ -၂၊ ၆-၃ နဲ့ အနိုင်ယူ လိုက် ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ် ဆက်တိုက် ဆီမီး ဖိုင်နယ်ထိ ရောက်ခဲ့တဲ့ အင်္ဂလန်က အန်ဒီ မာရေးကလဲ ရုရှ နီကိုလေ ဒါဗီဒန်ကိုရဲ့ ရိုက်ချက်တွေကို ၆ -၁၊ ၆- ၁၊ ၆ -၄ နဲ့ အသာလေး အနိုင်ယူ လိုက် ပြန်ပါတယ်။

၂ဝဝ၂ က ဆုရဖူးတဲ့ သြစတြေးလျ နိုင်ငံသား လေတန် ဟီးဝစ်ကို တော့ ပြင်သစ် နိုင်ငံသား ဂျို ဝီးလ်ဖရက် ဆောင်းဂါးက ၆ -၃၊ ၆- ၄၊ ၆ -၄ နဲ့ အနိုင်ယူ သွား ခဲ့ပါတယ်။

အမျိုးသမီး တယောက်ချင်း ပွဲစဉ်မှာတော့ ဆရီနာ ဝီလျံက ချက်က ဘာဘရာ ထရီကိုဗာကို ၆ -၂၊ ၆ -၄ နဲ့ နိုင်ပြီး ဒုတိယ အဆင့်ကို ရောက်ရှိ သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ