UEFA ရဲ့ တိုက်ရိုက် ထုတ်လွှင့်ချက် တခုကို ဂျာမဏီ တိုင်းတန်းမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဒီပွဲမှာ အီတလီ အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ရှိပြီး ဗိုလ်လုပွဲ တက်သွားပါတယ်

ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲ၊ ဂျာမဏီနဲ့ အီတလီတို့ ဇွန်လ ၂၈ ရက်နေ့က ယှဉ်ပြိုင်ကြတဲ့ အကြိုဗိုလ်လုပွဲ အတွက် UEFA ရဲ့ တိုက်ရိုက် ထုတ်လွှင့်ချက် ဖြစ်စဉ် တခုနဲ့ ပတ်သက်ပြီး၊ ဂျာမန် ရုပ်မြင်သံကြား ဌာန တခုကနေ ဥရောပ ဘောလုံး အာဏာပိုင် တွေထံ တိုက်ကြားမယ်လို့ ပြောကြား လိုက်ပါတယ်။

အီတလီ အသင်းက ဒုတိယဂိုး သွင်းယူ လိုက်တဲ့ အချိန်မှာ ဂျာမန် အမျိုးသမီး ပရိတ်သတ် တဦးငိုနေတာကို UEFA ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်သွားခဲ့ တာနဲ့ ပတ်သက်ပြီး အခုလို တိုင်ကြားမယ် ဆိုတဲ့ သတင်း ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

ဖြစ်ရပ် အမှန်ကတော့၊ ဘောလုံးပွဲ မစခင် ကွင်းထဲကို ဂျာမဏီအသင်း ဘောလုံး ကစာသမားတွေ ရောက်လာတဲ့အချိန်မျာ အဲဒီ အမျိုးသမီး မျက်ရည်ကျခဲ့တာ ဖြစ်တယ်လို့ ကာယကံရှင် ကိုယ်တိုင်က ပြောပါတယ်။

ဒီအတွက် အခုလို အီတလီ အသင်းက ဒုတိယဂိုးသွင်းလိုက်တဲ့ အချိန်နဲ့ ဒီအမျိုးသမီးရဲ့ ဖြစ်ရပ်ကို တွဲပြီး UEFA က တိုက်ရိုက် ထုတ်လွှင့် သွားတာဟာ၊ လက်ခံနိုင် စရာ မရှိဘူးလို့ အဲဒီ ဂျာမန် ရုပ်မြင် သံကြား ဌာနက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ