ယူရို ၂၀၁၂ ဗိုလ်လုပွဲ အခြေအနေ

ဓာတ်ပုံ မူပိုင် Getty
Image caption စပိန်အသင်း နိုင်ချေ ရှိကြောင်း ဘီဘီစီက Mark Lawrenson ကြိုတင် သုံးသပ်ထားပါတယ်

ယူရို ၂၀၁၂ ဘောလုံးပွဲ နောက်ဆုံး ဗိုလ်လုပွဲ အတွက် လက်ရှိချန်ပီယံ စပိန်နဲ့ အီတလီ အသင်းတို့ တဘက်နဲ့ တဘက် အားပြိုင် ပြောဆို နေကြပြီ ဖြစ်ပါတယ်။

အုပ်စုပွဲစဉ် တွေမှာ တဘက် ၁ ဂိုးစီနဲ့ သရကျခဲ့တဲ့ ဒီနှစ်သင်းကို ကြည့်မယ်ဆိုရင်၊ စပိန်အသင်းဟာ ယူရို ၂၀၀၈ နဲ့ ၂၀၁၀ ကမ္ဘာ့ ဖလားပွဲတွေမှာ သရဖူ ဆောင်းခဲ့တဲ့ အသင်း ဖြစ်တာကြောင့် တတိယမြောက် သရဖူ ရရှိရေး အတွက် ဗိုလ်လုပ်ပွဲမှာ အားကြိုးမန်တက် ကစားမှာ ဖြစ်ပါတယ်။

တယ်ကလို့ ဒီဗိုလ်လုပွဲမှာ နိုင်ခဲ့ရင်တော့ ယူရို ဖလားကို ၂ နှစ် ဆက်တိုက် ဆွတ်ခူးခဲ့ဖူးတဲ့ သမိုင်းဝင် အသင်း ဖြစ်လာ ပါလိမ့်မယ်။

ဒါကြောင့်မို့ သမိုင်းတွင်မယ့် အခွင့်အရေးကြီးတခု စပိန်အသင်းမှာ ရှိနေတယ် လို့ ဘာစီလိုနား အလယ်တန်းလူ ဇာဗီက ပြောပါတယ်။

တဘက်မှာ ကြည့်မယ်ဆိုရင်လည်း ၁၉၆၈ ခုနှစ်က ယူရိုဖလားကို တကြိမ်သာ ရရှိခဲ့ဖူးတဲ့ အီတလီအသင်းဟာ စပိန်ရဲ့ အစဉ်အလာကို ဖျက်ပစ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အီတလီ အသင်းနည်းပြ Cesare Prandelli ကတော့ ကမ္ဘာ့ချန်ပီယံ အသင်းကို ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောဆိုလိုက်ပြီး၊ ဒီပွဲအတွက် ကွင်းလယ် ကစားကွက်ဟာ အင်မတန်မှာ အရေးကြီး ပါလိမ့်မယ်လို့ ပြောပါတယ်။

နောက်ခံ ပွဲစဉ် သမိုင်း

အီတလီနဲ့ စပိန်တို့ဟာ ဘောလုံး သမိုင်းစဉ် တလျှောက်မှာ ၃၁ ကြိမ် တွေ့ခဲ့ဖူးပြီး၊ အီတလီက ၁၀ ကြိမ် အနိုင်ရဖူးကာ၊ စပိန်ကတော့ ၈ ကြိမ်သာ နိုင်ဘူးပါတယ်။ ကျန်တဲ့ ၁၂ ပွဲကတော့ သရေကျပါတယ်။

အဓိက ပွဲကြီးတွေဖြစ်တဲ့ နောက်ဆုံးအဆင့် ပွဲစဉ် ၇ ခုကို ပြန်ကြည့် မယ်ဆိုရင် ပွဲတွေမှာ အီတလီဟာ (ပယ်နယ်တီမပါ) စပိန်ကို သုံးပွဲနိုင် လေးပွဲ သရေနဲ့ တခါမှာ မရှုံးဘူးပါ။ ဒါပေမယ့်လည်း စပိန်ဟာ ယူရို ၂၀၀၈ ခုနှစ်တုန်းက ကွာတားဖိုင်နယ်မှာ အီတလီကို ၄ ဂိုး ၂ ဂိုးနဲ့ ပယ်နယ်တီမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ယူရို ၂၀၁၂ ပွဲစဉ်တွေအတွက် ခြေစမ်းပွဲ ကန်တုန်းကတော့ အီတလီဟာ စပိန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

တဘက်မှာကြည့်ရင်တော့ ယူရို ၂၀၁၂ ပွဲစဉ်အတွင်း စပိန် ဂိုးတည့်တည့်ကို ပြိုင်ဘက်အသင်းက ကန်ခွင့်ရတာ ၁၂ ကြိမ်ပဲ ရှိခဲ့ပါတယ်။

ခန့်မှန်းချက်

ဘီဘီစီက Mark Lawrenson ရဲ့ ခန့်မှန်းချက်ကတော့ အကြိုဗိုလ်လုပွဲမှာ ဂျာမဏီကို အနိုင်ယူသွားတဲ့ အီတလီ အသင်းက Mario Balotelli ဟာ ဗိုလ်လုပွဲမှာ ခြေမပေါ်နိုင်ပဲ စိတ်ပျက်စရာ ဖြစ်နိုင်တယ်လို့ ထင်မြင်ချက် ပေးပါတယ်။

နှစ်ဘက်စလုံးဟာ ဗိုလ်လုပွဲမှာ ဘောလုံး ပိုင်ဆိုင်ထားဖို့ ကြိုစားကြမှာ ဖြစ်ပေမယ့် အီတလီ ကတော့ ဒီပွဲစဉ်တလျှောက် ခြေကို ကြည့်ရင် သိပ်မလွယ်လှ ဘူးလို့ပြောပါတယ်။

ဒီအတွက် စပိန်အသင်း နိုင်ချေ ရှိကြောင်း Mark Lawrenson ကြိုတင် သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ