BBC navigation

သမိုင်းတွင် ကျန်ရစ်တဲ့ စပိန်အသင်းရဲ့ အောင်ပွဲ

နောက်ဆုံး ရေးသားချိန် 2 ဇူလိုင်လ 2012 - 16:33 GMT

သမိုင်တွင် ကျန်ရစ်တဲ့ စပိန်အသင်းရဲ့ အောင်ပွဲ

  • ယူရို ၂၀၁၂ ဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲမှာ အီတလီကို ၄ ဂိုးပြတ်နဲ့ နိုင်ပြီး စပိန်အသင်း သရဖူ ဆောင်းခဲ့ပါတယ်။
  • ယူရိုဖလားကို ၂ ကြိမ်နဲ့ ကမ္ဘာ့ဖလား တကြိမ် စုစုပေါင်း သုံးကြိမ် ဆက်တိုက် ဗိုလ်စွဲခဲ့တာ ဖြစ်လို့ ကမ္ဘာ့ ဘောလုံး သမိုင်းမှာ သမိုင်းတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်ပါတယ်။
  • ယူကရိန်းနိုင်ငံ Kiev အိုလံပစ် အားကစား ကွင်းမှာ နောက်ဆုံး ဗိုလ်လုပွဲ ကစားခဲ့တာပါ။
  • ပွဲမစခင် နှစ်ဘက် အသင်းဟာ ဂုဏ်ယူ ဝင့်ကြွား စွာနဲ့ ကွင်းလယ်မှာ နေရာယူခဲ့ကြပါတယ်။
  • ဒီပွဲမှာ စပိန်အသင်းအတွက် ဘာစီလိုနား အလယ်တန်းလူ Andres Iniesta ဟာ အကောင်းဆုံး ခြေစွမ်းပြပြီး၊ ဂိုးသွင်းခွင့်တွေ ဖန်တီပေးနိုင်ခဲ့ပါတယ်။
  • စပိန်အသင်းဟာ အီတလီ နောက်တန်းကို တချိန်လုံး ထိုးဖေါက်နိုင်ခဲ့ပါတယ်။
  • အီတလီ အသင်းက ရှေ့တန်း တိုက်စစ်မှူး Mario Balotelli လည်း စပိန်ခံစစ်ကို ထိုးဖေါက်ဖို့ အခက်အခဲတွေ ရှိခဲ့ပါတယ်။
  • အီတလီအသင်း စိတ်ဓတ် မကျရေး အားပေး နေတဲ့ အီတလီ လှပျိုဖြူ တဦး။
  • အားကစားကွင်း အပြင်ဘက်မှာလည်း ဧရာမ ရုပ်မြင်သံကြား ပေါ်မှာ တိုက်ရိုက် ထုတ်လွှင့်ပြသ။
  • ပွဲအပြီးမှာတော့ စပိန်အသင်းဟာ ထိုက်ထိုက် တန်တန်ပဲ၊ ယူရို ၂၀၁၂ ဖလားကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။
  • ဒီနှစ် အတွက် လက်လျှော့ လိုက်ရတဲ့ အီတလီ တိုက်စစ်မှူး Mario Balotelli။
  • စပိန်းအသင်းက ando Torres ကို ဇနီးဖြစ်သူက ပွဲအပြီး ဂုဏ်ပြု။
  • အောင်ပွဲအတွက် Kiev ကွင်းရဲ့ ဂုဏ်ပြု မီးပန်း။
  • ယူရို ၂၀၁၂ ဖလားနဲ့ အတူ စပိန်အသင်း ပြည်တော် ပြန်ရောက်ခဲ့ပါပြီ။
  • သမိုင်းတွင်ကျန်ရစ်မယ့် သူတို့ရဲ့ အောင်ပွဲကို စပိန် ပြည်သူတွေလည်း မလွဲဧကန် ဂုဏ်ယူကြမှာ ဖြစ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။