မန်ယူအသင်းက အများပိုင် ကုမ္ပဏီဖြစ်ဖို့ စာရင်းသွင်း

  • 4 ဇူလိုင် 2012
Manchester United ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာကျော် ဘောလုံးအသင်း မန်ယူ

နာမည်ကြီး အင်္ဂလိပ် ဘောလုံးကလပ် အသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အများပိုင် ကုမ္ပဏီတစ်ခု ဖြစ်လာဖို့အတွက် နယူးယော့ခ် စတော့ အိပ်ချိန်းမှာ စာရင်း တင်သွင်းထားလိုက်ပါပြီ။

ကနဦး ထုတ်ရောင်းမယ့် ရှယ်ယာတန်ဖိုးအနေနဲ့ ဒေါ်လာ သန်း ၁၀၀ လောက် ရဖို့ မျှော်လင့်ထားကြောင့် မန်ယူအသင်းက ကြေငြာပါတယ်။

ဒီငွေနဲ့ ကလပ်ရဲ့ အကြွေးတွေကို ပေးချေနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။

ကမ္ဘာဘောလုံးလောကမှာ နာမည်ကြီးတဲ့ ကလပ်အသင်း ဖြစ်ပေမယ့် အကြွေးကတော့ ဒေါ်လာ ရာနဲ့ချီပြီး တင်နေပါတယ်။

ဒါပေမယ့် အခု ရောင်းချမယ့် ရှယ်ယာအရေအတွက် ဘယ်လောက် ရှိမလဲ၊ ဘယ်စျေးနဲ့ စရောင်းမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့နှစ်ကလည်း မန်ယူအသင်းဟာ စင်္ကာပူ စတော့အိတ်ချိန်းမှာ ရှယ်ယာထုတ်ရောင်းဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီအစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းကို အမေရိကန်က Glazer မိသားစုက ၂၀၀၅ ခုနှစ်က ပေါင်း သန်း ၇၉၀ နဲ့ ဝယ်ယူခဲ့ပြီး အဲဒီလို ဝယ်ဖို့အတွက် ပေါင်း သန်း ၅၀၀ ကျော် ငွေချေးယူခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ