ဖီဖာဂိုးစည်းနည်းပညာ ကျင့်သုံးမသုံး မဲခွဲမယ်

  • 5 ဇူလိုင် 2012
Fifa ဓာတ်ပုံ မူပိုင် AFP
Image caption ဒိုင်လူကြီးတွေကြောင့် ဖီဖာဟာ အကြီးအကျယ် ဖိအားပေးခံရတယ်။

ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဂိုးစည်း နည်းပညာကို သုံးဖို့ မသုံးဖို့ မဲခွဲ ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ စပိန်အသင်း ဗိုလ်စွဲခဲ့တဲ့ ပြီးခဲ့တဲ့ ဥရောပချန်ပီယံ ဖလားပြိုင်ပွဲ အပါအဝင် ဘောလုံးပွဲတချို့မှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့တာနဲ့ ပတ်သက်ပြီး ဖီဖာဟာ အကြီးအကျယ် ဖိအားပေး ခံနေရပါတယ်။

ဥရောပချန်ပီယံဖလားပြိုင်ပွဲရဲ့ ယူကရိန်းနဲ့ အင်္ဂလန်အသင်းတို့ ကစားတဲ့ ပွဲမှာဆိုရင် ယူကရိန်းက ကန်သွင်းတဲ့ ဂိုးဟာ ဂိုးစည်းထဲ ဝင်သွားတာကို ရုပ်သံက ထင်ထင်ရှားရှား တွေ့ခဲ့ပေမယ့်လို့ ဒိုင်လူကြီးက ဂိုးအဖြစ် မသတ်မှတ်ခဲ့ပါဘူး။

မဲခွဲပြီး ဂိုးစည်းနည်းပညာကို သုံးကြမယ်ဆိုရင်တော့ ဖီဖာက ဂိုးတိုင်မှာ ကင်မရာတပ်မလား၊ ဘောလုံးမှာ ဆန်ဆာတပ်မလားဆိုတာကို စဉ်းစားနေကြပါတယ်။