၀င်ဘယ်လ်ဒန် တင်းနစ် Serena Williams ဗိုလ်စွဲ

  • 7 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption Serena Williams ဟာ ဝင်ဘယ်လ်ဒန်မှာ ငါးကြိမ်မြောက် အဖြစ် ဗိုလ်စွဲ

လန်ဒန် ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တဦးချင်း နောက်ဆုံး ဗိုလ်လုပွဲမှာ အမေရိကန်က Serena Williams က ငါးကြိမ်မြောက် အဖြစ် ဗိုလ်စွဲသွားပါတယ်။

Serena Williams ဟာ ပိုလန်က Agnieszka Radwanska ကို ၂ ဆက် ၁ ဆက် နဲ့ အနိုင်ရ ဗိုလ်စွဲသွားတာ ဖြစ်ပါတယ်။

Agnieszka Radwanska ဟာ ဂရန်းဆလန်း အဆင့် ဗိုလ်လုပွဲကို ပိုလန်ကနေ ၇၃ ခုနှစ် အတွင်း ပထမဦးဆုံး အဖြစ် တက်လာခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူဟာ လည်ချောင်းနာ ရောဂါ ဖြစ်နေတာကြောင့် ဒီပွဲမှာ အနိုင်ရဖို့ အခွင့်အလမ်း နည်းနေခဲ့တယ်လို့ အစောပိုင်း ကတည်းက အကဲခတ်တွေက သုံးသပ်ထားခဲ့တာ ပါတယ်။

သောကြာနေ့ ကတောင် သူဟာ သတင်းစာ ရှင်းလင်းပွဲ မပြုလုပ် နိုင်ခဲ့ပါ။

Serena Williams ရဲ့ အမဖြစ်သူ Venus Williams ကတော့ ဒီနှစ် ဝင်ဘယ်လ်ဒန် ပြိုင်ပွဲမှာ ဗွေဆော်ဦးပွဲ ကတည်းက ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ