ဖက်ဒရာ ဝင်ဘယ်လ်ဒန် ဗိုလ်စွဲ

  • 8 ဇူလိုင် 2012
_federer_ ဓာတ်ပုံ မူပိုင် Getty
Image caption ဝင်ဘယ်လ်ဒန် ချန်ပီယံ ဖက်ဒရာ

ဝင်ဘယ်လ်ဒန် တင်းနစ် ပြိုင်ပွဲရဲ့ အမျိုးသား တဉီးချင်း နောက်ဆုံး ဗိုလ်လု ပွဲစဉ်မှာတော့ ဆွစ်ဇာလန်က ရော်ဂျာ ဖဒ်ဒရာက ဗြိတိန်က အဲန်ဒီ မာရေးကို အနိုင်ရ ဗိုလ်စွဲ သွားပါတယ်။

ဒါဟာ သူ့အတွက် ဝင်ဘယ်လ်ဒန်မှာ သတ္တမ အကြိမ်မြောက် ဗိုလ်စွဲခဲ့ခြင်းလည်း ဖြစ်ပြီး အရင်က ၇ ကြိမ် ချန်ပီယံ ဖြစ်ဖူးတဲ့ အမေရိကန်က ပိ ဆမ်းပရပ်စ် နဲ့ စံချိန်တူ ဖြစ်သွား ပါတယ်။

ဒီပွဲ နိုင်လိုက်တဲ့ အတွက် သူဟာ ကမ္ဘာ့ နံပါတ် ၁ နေရာကိုလည်း ရောက်ရှိ သွားခဲ့ ပါတယ်။

စကော့ လူမျိုး အဲန်ဒီ မာရေး ကတော့ အနိုင်ရခဲ့ရင် နှစ် ၇၀ ကျော်မှာ ပထမဆုံး ဗိုလ်စွဲတဲ့ ဗြိတိသျှ ကစားသမား တယောက် ဖြစ်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးသွား ခဲ့ရပါတယ်။

အဲဒီပွဲမှာ ပထမဆုံး ပွဲကြီးကို မာရေး အနိုင်ရခဲ့ပေမယ့် နောက် ပွဲကြီး ၃ ပွဲကို ဖက်ဒရာက ဆက်တိုက် နိုင်သွားတဲ့ အတွက် ၄-၆၊ ၇-၅၊ ၆-၃၊ ၆-၄ နဲ့ အနိုင်ရ ဗိုလ်စွဲ သွား ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ