အိုလံပစ် မီတာ ၄၀၀ အပြေးမှာ သက်ဇော်ဝင်း ပြိုင်မယ်

  • 13 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ ဆီးဂိမ်းစ်ရဲ့ အမျိုးသား မီတာ ၈၀၀ ပြိုင်ပွဲမှာ ပဉ္စမရရှိခဲ့

အသက် ၂၁ နှစ်အရွယ် သက်ဇော်ဝင်းဟာ လန်ဒန်အိုလံပစ်ရဲ့ မီတာ ၄၀၀ အပြေး ပြိုင်ပွဲမှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

သူဟာ ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ ဆီးဂိမ်းစ်ရဲ့ အမျိုးသား မီတာ ၈၀၀ ပြိုင်ပွဲမှာ ပဉ္စမရရှိခဲ့သူ ဖြစ်ပါတယ်။ ၁ မိနစ် ၅၅ စက္ကန့်မှာ ပန်းဝင်ခဲ့တာပါ။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်က ကိုသက်ဇော်ဝင်းဟာ နိုင်ငံတကာ အတွေ့အကြုံ အများကြီး မရှိပေမယ့် အလားအလာကောင်းတဲ့ အတွက် အခု လန်ဒန် အိုလံပစ် ပြိုင်ပွဲမှာ ဝင်ပြိုင်စေတာ ဖြစ်တယ်လို့ မြန်မာပြေးခုန်ပစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမြသန်းထိုက်က ဘီဘီစီကို ပြောပါတယ်။

အခု လန်ဒန်အိုလံပစ်မှာတော့ သက်ဇော်ဝင်းဟာ အရင်ပြေးနေကျ မီတာ ၈၀၀ မှာ မပြေးပဲ တန်းချပြီး မီတာ ၄၀၀ မှာ ဝင်ပြေးမှာ ဖြစ်ပါတယ်။

မီတာ ၄၀၀ မှာတော့ သူဟာ စံချိန်ကောင်းကောင်းနဲ့ ပြေးနိုင်လိမ့်မယ်လို့ ယူဆကြောင်း ဦးမြသန်းထိုက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ