အိုလံပစ်မှာ မာရသွန်ပြိုင်မယ့် နီလာစန်း

  • 13 ဇူလိုင် 2012
Nilar San, Burmese Olympian ဓာတ်ပုံ မူပိုင် myasoc.org
Image caption အပြေးပြိုင်ပွဲတစ်ခုမှာ တွေ့ရတဲ့ နီလာစန်း

အသက် ၂၈ နှစ်အရွယ် နီလာစန်းဟာ ၂၀၁၂ လန်ဒန်အိုလံပစ်ရဲ့ မာရသွန် အပြေး ပြိုင်ပွဲအားကစားမှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

နီလာစန်းဟာ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်သူ ဖြစ်ပြီး ၂၀၀၀ ခုနှစ်လောက်က စကာ အပြေးပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒေသတွင်း အပြေးပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေလည်း ဆွတ်ခူးရရှိထားသူပါ။

အခု လန်ဒန်အိုလံပစ် ပြိုင်ပွဲမှာတော့ ဆုတံဆိပ်ရဖို့ထက် နိုင်ငံတကာ အတွေ့အကြုံရဖို့ အဓိက ရည်ရွယ်ပြီး ပြိုင်ပွဲဝင်မှာ ဖြစ်တယ်လို့ မြန်မာပြေးခုန်ပစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမြသန်းထိုက်က ပြောပါတယ်။

ဒါပေမယ့် ဒီအတွေ့အကြုံတွေ ယူပြီး ၂၀၁၃ ကျရင် မြန်မာပြည်မှာ ကျင်းပမယ့် အရှေ့တောင်အာရှ ပြိုင်ပွဲမှာတော့ ရွှေတံဆိပ်ရနိုင်ဖို့ မျှော်လင့်ထား ကြောင်းလည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ