အိုးပင်း ဂေါက်ရိုက်ပြိုင်ပွဲ Ernie Els ဗိုလ်စွဲ

  • 22 ဇူလိုင် 2012
Image caption သူဟာ US Open ကို ၁၉၉၄ ခုနှစ်နဲ့ ၁၉၉၇ ခုနှစ် တွေမှာ ဗိုလ်စွဲခဲ့ဖူးသူပါ

Royal Lytham & St Annes မှာ ကျင်းပနေတဲ့ အိုးပင်း ချန်ပီယံရှစ် ဂေါက်ရိုက် ပြိုင်ပွဲမှာတော့ တောင်အာဖရိက က Ernie Els အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

ပထမပိုင်း တုန်းကတော့ သြစတြေးလျက အက်ဒမ် စကော့တ်က သတ်မှတ်ရိုက်ချက်ထက် ၁၁ ချက် လျှော့ရိုက်ပြီး ဦးဆောင်နေ ခဲ့တာ ဖြစ်ပါတယ်။

သူ့နောက်ကတော့ ဘရန့် စနက်ဒက်ကာ နဲ့ ဂရေဟမ် မက်ဒေါဝဲလ်တို့က သတ်မှတ်ရိုက်ချက်ထက် ၇ ချက်လျှော့နဲ့ ဒုတိယ နေရာမှာ ရှိနေပါတယ်။

တတိယ နေရာမှာတော့ နာမည်ကြီး တိုက်ဂါးဝုဒ်က ၆ ချက်လျော့နဲ့ ရှိနေခဲ့တာ ပါတယ်။

အသက် ၃၂ နှစ် ရှိပြီ ဖြစ်တဲ့ အက်ဒမ် စကော့တ်ဟာ သူ့အတွက် ပထမဆုံး မေဂျာ ချန်ပီယံဆု ရနိုင်ဖို့ အတွက်ကို တနင်္ဂနွေ နေ့က ကြိုးစား ရိုက်ခဲ့ပေမယ့်လည်း ဆုဖလားနဲ့ ဝေးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ