မြောက်ကိုရီးယား ဘောလုံးအသင်း ဆန္ဒပြ ကွင်းထဲကထွက်

  • 26 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AP
Image caption တောင်ကိုရီးယား အလံနဲ့ မြောက်ကိုရီးယား ကစားသမား အမည် မှားယွင်း ကြေညာ

လန်ဒန်မှာ တရားဝင် အိုလံပစ် ဖွင့်ပွဲ မတိုင်ခင်မှာ ကနဉီး ကျင်းပတဲ့ ကစားပွဲစဉ်တွေထဲက တခုမှာ တောင်ကိုရီးယား အလံ ပြပြီး မြောက်ကိုရီးယား အားကစား သမားတွေ အမည် မှားယွင်း ကြေညာခဲ့တာကြောင့် မြောက်ကိုရီးယား အမျိုးသမီး ဘောလုံး အသင်းဟာ ဆန္ဒပြတဲ့ အနေနဲ့ ကွင်းထဲက ထွက်သွားခဲ့ပါတယ်။

အဲဒါကြောင့် ဂလပ်စကို မြို့မှာ ကျင်းပတဲ့ မြောက်ကိုရီးယားနဲ့ ကိုလံဘီယာ အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ဟာ တနာရီကျော်ကြာ နှောင့်နှေးခဲ့တယ်လို့ သိရပါတယ်။

မှားယွင်းမှုနဲ့ ပတ်သက်လို့ အိုလံပစ် ကော်မတီက တောင်းပန်ခဲ့ ပြီးတဲ့နောက် ပွဲစဉ် စကစားခဲ့ပြီး မြောက်ကိုရီးယား အသင်းက နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

၁၉၅၃ ခုနှစ် ကိုရီးယား စစ်ပွဲပြီးကတည်းက တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာခဲ့တာ ဖြစ်ပါတယ်။