ဂျူဒိုပြိုင်ပွဲမှာ အေးအေးအောင် ယှဉ်ပြိုင်မယ်

  • 29 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘာပဲ ဖြစ်ဖြစ် ရအောင်တော့ချမယ် ဆိုတဲ့ အေးအေးအောင်

၂၀၁၂ လန်ဒန် အိုလံပစ် အားကစားပွဲမှာ မအေးအေးအောင်ဟာ ဂျူဒိုပြိုင်ပွဲ အတွက် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

၇၉ ကီလို အောက်တန်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အသက် ၂၇ နှစ်အရွယ် မအေးအေးအောင်ဟာ ငယ်စဉ်အခါက ကျန်းမာရေးချို့တဲ့သူ ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် ကျန်းမာရေး လိုက်စားရာကနေ အခုလို နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမား ဖြစ်လာရတာပါ။

အသက် ၁၃ နှစ်မှာ ဟောင်ကောင်မှာ ကျင်းပတဲ့ ဂျူနီယာ ပွဲကို စတင် ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွေမှာတော့ အကြိမ်ကြိမ် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ ဖူးသူ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၄ ကြိမ်မြောက် အရှေ့တောင် အာရှပွဲမှာတော့ မအေးအေးအောင်တယောက် ရွှေတံဆိပ် ဆွတ်ခူး နိုင်ခဲ့ပါတယ်။

အားကစား လောကထဲ ရောက်တာ ၁၈ နှစ်လောက် ရှိပြီဖြစ်တဲ့ မအေးအေးအောင်က ဂျူဒိုအားကစားနဲ့ ပတ်သက်ပြီး မြန်မာ ဆရာတွေက နည်းစနစ်အဟောင်းတွေပဲ သင်ကြား ပေးကြောင်းနဲ့ ဂျပန်ဆရာတွေနဲ့ တွေ့မှာ နည်းစနစ် အသစ်တွေကို သင်ကြားခဲ့ရတယ်လို့ ပြောပါတယ်။

မအေးအေးအောင် ဟာ ဧရာဝတီတိုင်း မြောင်းမြ မြို့နယ် ဇာတိဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ