တားမြစ်ဆေး သံသယအပေါ် တရုတ်က ဒေါသတကြီးတုံ့ပြန်

  • 31 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ယီ ရှီဝမ်ဟာ မီတာ ၄၀၀ မှာ ကမ္ဘာ့စံချိန်သစ် တင် နိုင်ခဲ့ပါတယ်

အိုလံပစ် အမျိုးသမီး မီတာ ၄၀၀ ရေကူးပြိုင်ပွဲ မှာ ကမ္ဘာ့စံချိန်သစ် တင်ပြီး ရွှေတံဆိပ် ဆွတ်ခူးသွား တဲ့ တရုတ်နိုင်ငံက အသက် ၁၆ နှစ်အရွယ် အိုလံပစ် ရေကူး အားကစား သမား ယီရှီဝမ်ဟာ တားမြစ်ဆေးဝါး သုံးစွဲသလားဆိုတဲ့ သံသယ တွေ ထွက်ရှိလာတဲ့ အပေါ် တရုတ်နိုင်ငံကနေ ဒေါ်သတကြီး တုံ့ပြန် လိုက်ပါတယ်။

စနေနေ့က မီတာ၄၀၀ အလွတ်ကူး ပြိုင်ပွဲမှာ ယီရှီဝမ်ဟာ နောက်ဆုံး ကူးဖို့ မီတာ ၅၀ သာ ကျန်တော့တဲ့အချိန်၊ သူတင်လိုက်တဲ့ အရှိန်ဟာ မြန်လွန်းတာကြောင့် ဖြစ်နိုင်ပါ့မလားဆိုပြီး အမေရိကန် ရေးကူး နည်းပြ ဂျွန် လီယိုနာ့ဒ်က မှတ်ချက်ပေး ပြောကြားခဲ့ပြီးနောက် အခုလို သံသယဖြစ်မှုတွေ ပေါ်ထွက်လာတာပါ။

မစ္စတာ လီယိုနာ့ဒ်ဟာ အမေရိကန် အိုလံပစ် အားကစား အဖွဲ့က မဟုတ်ဘဲ၊ သူ့ရဲ့ ပြောဆိုချက်တွေ ဟာလည်း သူတို့နဲ့ မသက်ဆိုင် ကြောင်း အမေရိကန် အိုလံပစ် ကော်မတီက ပြောပါတယ်။

တရုတ် အင်တာနက်လူမှုကွန်ယက် တွေမှာတော့ အခုလို သံသယ ဖြစ်မှုတွေဟာ မနာလိုပြီး ဝေဖန်တာတွေ ဖြစ်သလို၊ တရုတ်ဆန့်ကျင် ရေး သေဘာထားရှိသူတွေကြောင့် ဖြစ်တယ် ဆိုပြီး စွပ်စွဲရေးသား ကြပါတယ်။

တချို့သူတွေ ကလည်း တရုတ် ရေကူးအသင်းရဲ့ သမိုင်းကို ပြန်ကြည့်ရင် တားမြစ်ဆေး သုံးမသုံး ဆိုတာ ခွဲခြား သိမြင်နိုင်မှာ ဖြစ်တယ်လို့ ရေးသား ကြပါတယ်။

ယီရှီဝမ် ကတော့ သူ့အပေါ် သံသယရှိမှုတွေ အပေါ် ပြင်းပြင်း ထန်ထန် ငြင်းဆိုသွားပါတယ်။ သူဟာ ဒီကနေ့ နှောင်းပိုင်းမှာလည်း မီတာ ၂၀၀ ရေးကူး ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ