ဗြိတိန် ရွှေရပြီ

  • 2 ဩဂုတ် 2012
wiggins ဓာတ်ပုံ မူပိုင် Reuters
Image caption ဝစ်ဂင် အတွက် စတုတ္ထ မြောက် အိုလံပစ် ရွှေတံဆိပ်

ဗုဒ္ဓဟူးနေ့ လန်ဒန် အိုလံပစ် ပွဲစဉ် တွေမှာ အိမ်ရှင် ဗြိတိန် အသင်းက ပွဲဦးထွက် ရွှေတံဆိပ် ၂ ခု ဆွတ်ခူး ခဲ့ပါတယ်။

စက်ဘီးစီးမှာ ဘရက်လေ ဝစ်ဂင်နဲ့ လှေလှော် မှာ ဟယ်လင် ဂလိုဗာ နဲ့ ဟီသာ စတန်းနင်း တို့က အမျိုးသမီး ၂ ယောက်လှော် ပြိုင်ပွဲမှာ ရွှေတံဆိပ်တွေ ဆွတ်ခူး ခဲ့ကြပါတယ်။

ဝစ်ဂင် အတွက် စတုတ္ထ မြောက် အိုလံပစ် ရွှေတံဆိပ် ဖြစ်ပြီး မကြာခင်က ကျင်းပတဲ့ ပြင်သစ် စက်ဘီးစီး ပြိုင်ပွဲမှာလဲ သူ အနိုင် ရခဲ့ပါတယ်။

ဗြိတိသျှ ဘောလုံး အသင်းကတော့ ၁၉၅၆ မဲလဘုန်း အိုလံပစ် နောက်ပိုင်း ကွာတား ဖိုင်နယ်ထိ ပထမဆုံး အကြိမ် တက်ရောက် နိုင်ခဲ့ပါတယ်။

အမေရိကန် ရေကူးသမား နသန် အေဒရီယံက မီတာ တရာ အလွတ်ကူးမှာ ကမ္ဘာ့ စံချိန်တင် ခဲ့သလို ဟန်ဂေရီက Daniel Gyurta ကလဲ မီတာ နှစ်ရာ ရေကူးမှာ ၂ မိနစ် ၇ ၂၈ စက္ကန့်နဲ့ စံချိန်ကျိုး ပြန်ပါတယ်။

ဥဇဘက်က ကျွမ်းဘား သမား ကိုလဲ တားမြစ် ထားတဲ့ ဆီးဆေး သုံးလို့ အပယ် ခံရ ပါတယ်။

ကြာသပတေး နေ့ ဂျူဒို ပွဲစဉ်တွေ ကို ရုရှ သမ္မတ ပူတင်က ဗြိတိန် ဝန်ကြီးချုပ်နဲ့ အတူ ကြည့်ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ