အိုလံပစ်ပြိုင်ပွဲ ၁၀ ရက်မြောက်နေ့

  • 6 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် Getty
Image caption ယူစိန်ဘို့တ်အတွက် ဒီကနေ့ ဆုပေးမှာ ဖြစ်ပါတယ်

လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲ ၁၀ ရက် မြောက်နေ့မှာတော့ ပြေးခုန်ပစ် အားကစား ဝင်း ကြီးထဲမှာ အမျိုးသားမီတာ ၄၀၀ အပြေးပြိုင်ပွဲနဲ့ အမျိုးသမီး သံလုံးပစ် နောက်ဆုံးပိတ် ပွဲစဉ်တွေ ကျင်းပမှာ ဖြစ်ပါတယ်။

အမျိုးသမီး ဒုတ်ထောက်ခုန် အမြင့်ပြိုင်ပွဲမှာ ရုရှားက ယလဲနာ အစ်ဘိုင်ယာဗာ အနိုင်ရမယ် ဆိုရင်တော့ သူဟာ ရွှေတံဆိပ် သုံးခု ဆက်တိုက်ရတဲ့ ပထမဦးဆုံး အမျိုးသမီး ပြိုင်ပွဲဝင် တဦး ဖြစ်လာပါလိမ့်မယ်။

တရုတ် ဂျွမ်းဘားမယ် ချန် ယီဘင်း ကတော့ သူရဲ့ အိုလံပစ် သရဖူ ရွှေတံဆိပ်ကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ အမျိုးသား အမျိုးသမီး ကွင်းပတ် စက်ဘီးစီး ပြိုင်ပွဲတွေမှာ လည်း ရွှေတံဆိပ်တွေ အတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

မနေ့က အမျိုးသားမီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ဗိုလ်စွဲသွားတဲ့ ဂျမေကာ နိုင်ငံက တာတို အပြေးသမား ယူစိန်ဘို့တ် အတွက် ဒီကနေ့မှာ ရွှေတံဆိပ် ဆုချပွဲ ရှိပါတယ်။

ဒီဆုပေးပွဲကို နှစ် ၅၀ မြောက် ဂျမေကာ နိုင်ငံ လွတ်လပ်ရေးရေးနေ့ နဲ့ တချိန်တည်း ကျင်းပမှာ ဖြစ်ပါတယ်။ ဂျမေကာကပဲ သူရဲ့ ပြေးဖေါ် ယိုဟမ် ဘလိတ်ခ် ကတော့ မီတာ ၁၀၀ မှာ ငွေ တံဆိပ် ရရှိခဲ့ပါတယ်။

ကမ္ဘာ့ အမြန်ဆုံး လူသား အနေနဲ့ အသိအမှတ် ပြုခံရတဲ့ ဘို့တ်ရဲ့ အခုလို အောင်မြင်မှုအတွက် ကာရေဘီယံ ကျွန်း တလျှောက် အောင်ပွဲတွေ ကျင်းပနေကြပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ