အိုလံပစ် ၁၅ ရက်မြောက်နေ့

  • 11 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption မက္ကဆီကို အသင်းက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိ

လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲတွေ ပြီးဆုံးဖို့ တရက်ပဲ ကျန်တော့ တဲ့ ဒီကနေ့ ၁၅ ရက်မြောက် နေ့မှာ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပ်ပွဲမှာ ဘရာဇီးနဲ့ မက္ကဆီကိုတို့ ယှဉ်ပြိုင်နေကြရာ မက္ကဆီကိုအသင်းက ၂ ဂိုး ၁ဂိုး နဲ့ အနိုင် ရရှိ သွားပါတယ်။

မက္ကဆီကို ဘောလုံး အသင်းအတွက် အိုလံပစ်မှာ ဒါ ပထမဦးဆုံး ရွှေတံဆိပ်ရတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။

၂၀၁၆ နှစ် အိုလံပစ် အားကစားပွဲကို လက်ခံ ကျင်းပမယ့် ဘရာဇီးနိုင်ငံ ကတော့ ဘောလုံးပွဲမှာ ရွှေတံဆိပ် ဆွတ်ခူး လိမ့်မယ်လို့ ရေပန်းစား နေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး ဘောလီဘော ဗိုလ်လုပွဲ မှာလည်း ဘရားဇီးနဲ့ အမေရိကန်တို့ မကြာခင် နာရီပိုင်း အချိန် အတွင်းမှာ ကစားကြတော့မှာ ဖြစ်ပါတယ်။

အမျိုးသား ကီလိုမီတာ ၅၀ လမ်းလျှောက် ပြိုင်ပွဲမှာ ရုရှားက ဆာဂေး ကီယာဒီယာ့ခ် က ၃ နာရီ ၃၅ မိနစ် ၅၉ စက္ကန့်နဲ့ အိုလံပစ် စံချိန် ချိုးပြီး ရွှေတံဆိပ် ဆွတ်ခူးသွား ပါတယ်။

တာတို ခနူးလှေလှော် ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲတွေ မှာတော့ ဗြိတိန်၊ ယူကရိန်း နယူးဇီးလန်နဲ့ ရုရှားတို့က ရွှေတံဆပ်တွေ ရရှိသွား ကြပါတယ်။

နောက်ပိုင်းမှာတော့ ဂျမေကာ တာတို အပြေးသမား ယူစိန်ဘို့တ်ဟာ မီတာ ၁၀၀ လေးယောက် လက်ဆင့်ကမ်း ပြိုင်ပွဲမှာ တတိယမြောက် ရွှေတံဆိပ် အတွက် ယှဉ်ပြိုင်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ