BBC navigation

အာကြီး ကပ္ပတိန် ဗင်ပါစီ မန်ချက်ကို ရောက်လာ

နောက်ဆုံး ရေးသားချိန် 16 သြဂုတ်လ 2012 - 00:44 GMT
van persie

ဟော်လန် အသင်းအတွက် ကစားစဉ်

မနှစ်က ဘောလုံးရာသီမှာ အာဆင်နယ် အတွက် ဂိုးအများဆုံး သွင်းပေးခဲ့တဲ့ ကပ္ပတိန် ရော်ဘင် ဗင်ပါစီဟာ မနေ့ညက မန်ချက်စတာ ယူနိုက် တစ် ကစားသမား ဖြစ်လာခဲ့ပါပြီ။

အသက် ၂၉ နှစ်အရွယ် ဗင်ပါစီကို မန်ချက်က ပေါင် စတာလင် ၂၄ သန်းနဲ့ လေးနှစ် စာချုပ်ချုပ်လိုက်ပါ တယ်။

ဗင်ပါစီဟာ မနှစ်က ပီအက်ဖအေရဲ့ အကောင်းဆုံး ဘောလုံးသမားဆု ရခဲ့ပေမယ့် ယူရို ၂၀၁၂ မှာ ဟော်လန် အသင်းအတွက် ကစားတုန်းကတော့ ခြေမပေါ်ခဲ့ပါဘူး။

တခါ မနှစ်က ပရဲမီးယားလိဂ် ဘောလုံးရာသီမှာ ကစားနေရင်း ရုတ်တရက် နှလုံးရပ်ပြီး ဆေးရုံ ပို့လိုက်ရတဲ့ ဘော်လတွန် ဝမ်းဒါးရား အသင်းက Fabrice Muamba ဟာ အသက် နှစ်ဆယ့်လေးနှစ် အရွယ်မှာ ဘော်လုံး လောကက အနားယူလိုက်ရပါတယ်။

ဘော်လတွန်နဲ့ တော်တင်ဟမ်တို့ ကစားနေတုန်းမှာ မူအမ်ဘာဟာ ရုတ်တရက် နှလုံးရပ်ပြီး လဲကျသွားပါတယ်။

တနာရီကျော်ကြာ နှလုံးရပ်သွားပေမယ့် အရေးပေါ် သူနာပြုတွေနဲ့ နောက်ပိုင်း ဆရာဝန်တွေရဲ့ ကြိုးစားမှုနဲ့ သူ့ကို သေမင်းလက်က ပြန်ဆွဲခေါ်နိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ သူဟာ တဖြည်းဖြည်း နလံပြန်ထ လာပေမယ့် ဘောလုံး ကစားနိုင်လောက်တဲ့ထိ ကြံ့ခိုင်မှု မရတော့တဲ့ အတွက် ကြေးစား ဘောလုံး လောကကနေ လုံးဝ အနားယူလိုက်ရပါတယ်။

မနေ့က နိုင်ငံတကာ ခြေစမ်းပွဲမှာတော့ အင်္ဂလန်က အီတလီကို နောက်က ပြန်လိုက်ပြီး နှစ်ဂိုး တဂိုးနဲ့ အနိုင် ရသွားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။