BBC navigation

မသန်စွမ်း ပထမဆုံး ရွှေတံဆိပ်ဆုများ

နောက်ဆုံး ရေးသားချိန် 31 သြဂုတ်လ 2012 - 00:53 GMT
Zhang Cuiping

ယန် ခိုက်ပင်း က အမျိုးသမီး သေနတ်ပစ်မှာ ကမ္ဘာ့ စံချိန်သစ်တင်

လန်ဒန် မသန်စွမ်း အိုလံပစ် ပြိုင်ပွဲ ပထမဆုံး နေ့မှာပဲ ရွှေ တံဆိပ် ဆု ၂ဝ ကျော် လောက် ဆွတ်ခူး သွားကြပြီ ဖြစ်ပါတယ်။

တရုတ် နိုင်ငံက ယန် ခိုက်ပင်း က အမျိုးသမီး သေနတ်ပစ်မှာ ကမ္ဘာ့ စံချိန် အသစ် တင်ပြီး ပထမဆုံး ရွှေတံဆိပ်ဆုကို ရယူ သွားပါတယ်။

စက်ဘီးစီးနဲ့ ရေကူး ပြိုင်ပွဲ တွေမှာ နောက်ထပ် ရွှေ ၅ ခုယူပြီး တရုတ်က ဦးဆောင် နေပါတယ်။

အလေးမ၊ မြားပစ်၊ လက်တွန်းလှည်းစီး ဘက်စကက်ဘော၊ ဂျူဒို ပြိုင်ပွဲတွေလဲ ပထမ နေ့မှာ ကျင်းပ ခဲ့ပြီး Carmen နဲ့ Ramona Brussig တို့ ညီအစ်မက အမျိုးသမီး ဂျူဒိုမှာ ဂျာမနီ အတွက် ပထမဆုံး ရွှေတံဆိပ် တခုစီ ဆွတ်ခူး ပေး ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။