BBC navigation

မြန်မာ မသန်စွမ်း အိုလံပစ် ကိုနိုင်စစ်အောင် ဗိုလ်လုပွဲနဲ့လွဲ

နောက်ဆုံး ရေးသားချိန် 8 စက်တင်ဘာလ 2012 - 01:29 GMT

မသန်စွမ်း အိုလံပစ် မြန်မာ ရေကူး အားကစား သမား

လန်ဒန်မြို့မှာ ကျင်းပနေတဲ့ ပါရာလမ်ပစ်၊ မသန်စွမ်းသူများ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက လာပြီး ယှဉ်ပြိုင်ကြတဲ့ အားကစား သမားနှစ်ဉီး ရှိတဲ့အနက် ရေကူးအားကစားသမား ကိုနိုင်စစ်အောင်ဟာ မီတာ ၅၀ လိပ်ပြာကူး ပြိုင်ပွဲမှာ နံပါတ် ၉ နေရာက ပန်းဝင်ခဲ့တဲ့အတွက် ဗိုလ်လုပွဲ ယှဉ်ပြိုင်ဖို့ ကပ်ပြီးလွဲခဲ့ ရပါတယ်။

သောကြာ နေ့က ၁၂ ဉီးယှဉ်ပြိုင်တဲ့ အဲဒီပွဲမှာ ၈ ဉီးသာဗိုလ် လုပွဲတက်ခဲ့တာဖြစ်ပါတယ်။

ကိုနိုင်စစ်အောင် သူ ယှဉ်ပြိုင်ခဲ့ပုံ တွေကို ပြောပြခဲ့ပြီး နောက်ဆုံး ပန်းဝင်ခါနီးမှာ ပွိုင့် အနည်းငယ် အလိုနဲ့ ကပ်လွဲခဲ့တာလို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။