BBC navigation

မသန်စွမ်း အိုလံပစ် နောက်ဆုံးနေ့

နောက်ဆုံး ရေးသားချိန် 9 စက်တင်ဘာလ 2012 - 15:14 GMT

အမျိုးသမီး ဘီးတပ် မာရသွန်မှာတော့ အမေရိကန်က ရွှေတံဆိပ် ဆွတ်ခူး

လန်ဒန်မြို့မှာ ကျင်းပနေတဲ့ မသန်စွမ်း အိုလံပစ် အားကစားပြိုင်ပွဲ နောက်ဆုံးနေ့ ဖြစ်တဲ့ တနင်္ဂနွေနေ့ မှာတော့ ဘီးတပ်လှည်းစီး ယှဉ်ပြိုင်ရတဲ့ အမျိုးသား မာရသွန်နဲ့ အမျိုးသမီး မာရသွန် ပြေးပွဲတွေကို ကျင်းပခဲ့ရာ ထောင် သောင်းချီတဲ့ လူတွေဟာ လမ်းဘေး ဝဲယာ တလျှောက် ကြည့်ရှု့ အားပေးခဲ့ ပါတယ်။

အမျိုးသား မာရသွန်ပွဲ မှာတော့ ဗြိတိန်က ဒေးဗစ် ဝီယာ က အနိုင်ရကာ၊ စုစုပေါင်း ရွှေတံဆိပ် ၄ ခု ဆွတ်ခူး နိုင်ခဲ့ပါတယ်။ သူဟာ မီတာ ၈၀၀၊ မီတာ ၁၅၀၀ နဲ့ မီ ၅၀၀၀ ပြေးပွဲတွေ မှာလည်း ရွှေတံဆိပ် ဆွတ်ခူး ထားသူ ဖြစ်ပါတယ်။ အမျိုးသမီး မာရသွန်ပွဲ မှာတော့ အမေရိကန်က ရွှေတံဆိပ် ဆွတ်ခူး သွားပြီး ဗြိတိန်က ရှဲလီ ဝုဒ်က ဒုတိယ ငွေတံဆိပ် ဆွတ်ခူး သွားပါတယ်။

၁၁ ရက်ကြာ ကျင်းပခဲ့တဲ့ လန်ဒန် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားကို တနင်္ဂနွေ နှောင်းပိုင်း လန်ဒန် စံတော်ချိန် ည ၇ နာရီမှာ အိုလံပစ် အားကစားဝင်းကြီးထဲ၊ ကျင်းပ တော့မှာ ဖြစ်ပါတယ်။ လန်ဒန် မသန်စွမ်း အိုလံပစ် ကတော့ မသန်စွမ်း အိုလံပစ်ပြိုင်ပွဲ သမိုင်းမှာ အအောင်မြင်ဆုံး အဖြစ် သမိုင်းဝင် သွားခဲ့ပါပြီ။

အိုလံပစ် ပြိုင်ပွဲ တခုကို လက်ခံ ကျင်းပတယ် ဆိုတာ တကယ်တော့ ဖိအားတွေက များလှပါတယ်။ ဗြိတိသျှတွေ ကတော့ အိုလံပစ် ပြိုင်ပွဲ နှစ်ခု စလုံးကို သမိုင်းတင်အောင် ကျင်းပ ပေးနိုင်ခဲ့ ပါပြီ။

စနေနေ့ ကလည်း တောင်အာဖရိက သံပြားခြေလှမ်း အပြေးသမားလို့ နာမည်ကျော်တဲ့ အော်စကာ ပစ်တိုရီးယပ်စ်က မီတာလေးရာ အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။ သူက မသန်စွမ်းတွေ ကစားတဲ့ အားကစား ပြိုင်ပွဲ အပေါ် အများသူငါရဲ့ အမြင်တွေ ပြောင်းကုန်ပြီလို့ ထင်တဲ့ အကြောင်း ပြောပါတယ်။

နောက်ဆုံးနေ့ ဆုတံဆိပ် ဇယားကို ချုပ်ရ ရင်တော့ အခု နောက်ဆုံး တရုတ်က ရွှေတံဆိပ် ၉၅ ခုနဲ့ ပထမ နေရာ၊ ရုရှက ရွှေတံဆိပ် ၃၅ ခုနဲ့ ဒုတိယ၊ အိမ်ရှင် ဂရိတ်ဗြိတိန်က ရွှေတံဆိပ် ၃၄ ခုနဲ့ တတိယ နေရာမှာ ရှိနေပါတယ်။

နောက်တကြိမ် အိုလံပစ်နဲ့ မသန်းစွမ်း အိုလံပစ် ပွဲတွေကိုတော့ ဘရာဇီးနိုင်ငံ ရီယို ဂျနေရိုး မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။