BBC navigation

စနေနေ့က ပရီးမီးယားလိဂ် ရလဒ်များ

နောက်ဆုံး ရေးသားချိန် 16 စက်တင်ဘာလ 2012 - 02:10 GMT
_paul_scholes

မန်ယူမှာ ပွဲ ၇၀၀ ပြည့်သွားတဲ့ ပေါလ် စခိုးလ်

စနေနေ့က ကန်ခဲ့ကြတဲ့ ပရီးမီးယား လိဂ် ပွဲစဉ် တွေမှာတော့ နော်ရစ် အသင်း နဲ့ ဝက်စ်ဟမ်း အသင်းတို့ ဂိုး မရှိ သရေကျပါတယ်။

အာဆင်နယ် အသင်းကတော့ အိမ်ကွင်း အမ်းမရိတ်စ်မှာ ခြေမြူးပြီး ဒီနှစ် တမှတ်မှ မရသေးတဲ့ ဆောက်သမ်တန် အသင်းကို ၆ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်။

အက်စတန်ဗီလာကလည်း ဆွမ်စီး အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ဖူလမ် အသင်းကလည်း ဝက်စ်ဘရောမ်းမစ်ချ် အသင်းကို ၃ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဝစ်ဂန် အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။ ဒီနှစ်မှာ ဝယ်ယူထားတဲ့ လူသစ် နှစ်ဦးဖြစ်တဲ့ဘတ်နာနဲ့ ပါဝဲလ် နှစ်ဦးစလုံး ဂိုးတွေ သွင်းနိုင်ခဲ့ကြပါတယ်။

ကျူပီအာနဲ့ ချဲလ်ဆီးတို့ ပွဲမှာတော့ ဂိုးမရှိ သရေကျပါတယ်။

စတုခ် စီးတီး အသင်းကလည်း မန်ချက်စတာ စီးတီး အသင်းနဲ့ ၁ ဂိုးစီ သရေကျသလို ဆန်းဒါးလန်း ဟာလည်း လစ်ဗာပူးလ် အသင်းနဲ့ ၁ ဂိုးစီ သရေကျသွား ခဲ့ပါတယ်။

လောလောဆယ် ပရီးမီးယား လိဂ် ဇယားကို ချဲလ်ဆီးက ၄ ပွဲကစား ၁၀ မှတ်နဲ့ ဦးဆောင်နေပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ၉ မှတ်နဲ့ ဒုတိယ အာဆင်နယ်က ၈ မှတ်နဲ့ တတိယ နေရာမှာ ရှိနေပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။