သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တပတ်အတွင်း အားကစား သတင်း

  • 16 စက်တင်ဘာ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption အာဆင်နယ် အသင်းသားများ

မြန်မာမြေမှာ ထိုးခဲ့ကြတဲ့ နယူးဇီလန် လက်ဝှေ့ကျော်နဲ့ မြန်မာ့ လက်ဝှေ့ကျော် လုံးချောတို့ ပွဲအကြောင်း

ပရီးမီးယား လိဂ် စတုတ္ထပတ် ပွဲစဉ်များ

စနေနေ့က ကန်ခဲ့ကြတဲ့ ပရီးမီးယား လိဂ် ပွဲစဉ် တွေမှာတော့ နော်ရစ်ချ် အသင်း နဲ့ ဝက်စ်ဟမ်း အသင်းတို့ ဂိုး မရှိ သရေကျပါတယ်။

အာဆင်နယ် အသင်းကတော့ အိမ်ကွင်း အမ်းမရိတ်စ်မှာ ခြေမြူးပြီး ဒီနှစ် တမှတ်မှာ မရသေးတဲ့ ဆောက်သမ်တန် အသင်းကို ၆ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်။

အက်စတန်ဗီလာကလည်း ဆွမ်စီး အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ဖူလမ် အသင်းကလည်း ဝက်စ်ဘရောမ်းမစ်ချ် အသင်းကို ၃ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဝစ်ဂန် အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။ ဒီနှစ်မှာ ဝယ်ယူထားတဲ့ လူသစ် နှစ်ဦးဖြစ်တဲ့ ဘတ်နာနဲ့ ပါဝဲလ် နှစ်ဦးစလုံး ဂိုးတွေ သွင်းနိုင်ခဲ့ကြပါတယ်။

ကျူပီအာနဲ့ ချဲလ်ဆီးတို့ ပွဲမှာတော့ ဂိုးမရှိ သရေကျပါတယ်။

စတုခ် စီးတီး အသင်းကလည်း မန်ချက်စတာ စီးတီး အသင်းနဲ့ ၁ ဂိုးစီ သရေကျသလို ဆန်းဒါးလန်း ဟာလည်း လစ်ဗာပူးလ် အသင်းနဲ့ ၁ ဂိုးစီ သရေကျသွား ခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာတော့ ရဒ်ဒီင်းအသင်းကို စပါးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိ သွားခဲ့ပါတယ်။

လောလောဆယ် ပရီးမီးယား လိဂ် ဇယားကို ချဲလ်ဆီးက ၄ ပွဲကစား ၁၀ မှတ်နဲ့ ဦးဆောင်နေပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ၉ မှတ်နဲ့ ဒုတိယ အာဆင်နယ်က ၈ မှတ်နဲ့ တတိယ နေရာမှာ ရှိနေပါတယ်။

၁၈ ရက်နဲ့ ၁၉ ရက်နေ့ တွေမှာ ချန်ပီယံလိဂ် ကန်ကြမယ့် ပရီးမီးယားလိဂ် အသင်းတွေ အတွက် ခန့်မှန်းချက်တွေ ကိုတင်ဆက်ပေးထား ပါတယ်။