BBC navigation

ချန်ပီယံလိဂ် ရလဒ်များ

နောက်ဆုံး ရေးသားချိန် 3 အောက်တိုဘာလ 2012 - 00:50 GMT
van_persie

မန်ယူအတွက် ၂ ဂိုးသွင်းခဲ့တဲ့ ဗန်ပါစီ

အင်္ဂါနေ့က ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဉ် တွေမှာတော့

စပါးတပ် မော်စကို အသင်းကို ဆဲလ်တစ်က ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရခဲ့ပြီး ဒါဟာ ချန်ပီယံလိဂ် ပြိုင်ပွဲတွေ စတင်ခဲ့တဲ့ အချိန်ကစပြီး ဆဲလ်တစ် ရဲ့ ပထမဆုံး အဝေးကွင်း နိုင်ပွဲ ဖြစ်ပါတယ်။

ဘာရီဆော့ဗ် အသင်းက ဘိုင်ယန်မြူးနစ်ကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်။

ဘင်ဖီကာကတော့ အိမ်ကွင်းမှာ ဘာစီလိုနားကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံး ပါတယ်။

မန်ယူကလည်း ကလုရှ်(ချ)အသင်းကို အဝေးကွင်း ကစားပြီး ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ပါတယ်။

ချဲလ်ဆီးကလည်း အဖ်စီ နော်ရှာလန်း အသင်းကို အဝေးကွင်းမှာပဲ ၄ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ဂါလာတာ ဆာရေး ကတော့ အိမ်ကွင်းမှာ ဘရာဟာကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးပါတယ်။

ယူဗင်းတပ်စ် ကတော့ အိမ်ကွင်းမှာ ရှာတာ ဒေါ့ညက်နဲ့ ၁ ဂိုးစီ သရေကျပါတယ်။

ဗလင်စီယာ အသင်းကလည်း အိမ်ကွင်းမှာ လီးလ် အသင်းကို ၂ ဂိုး ဂိုး မရှိနဲ့ နိုင်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။