BBC navigation

စနေနေ့ ပရီမီယားလိဂ် ဘောလုံးပွဲ အကြို

နောက်ဆုံး ရေးသားချိန် 5 အောက်တိုဘာလ 2012 - 20:16 GMT

အောက်တိုဘာ ၆ ရက် စနေညမှာ အင်္ဂလန် ပရိမီးယားလိဂ် ဘောလုံးပွဲ ၆ ပွဲ ကန်ဖို့ ရှိပါတယ်။

  • ချဲလ်ဆီးနဲ့ နောရစ်ချ်
  • ဝက်စ်ဟမ်း နဲ့ အာဆင်နယ်
  • မန်စီးတီး နဲ့ ဆန်းဒါးလန်း
  • ဆွမ်ဆီး နဲ့ ရယ်ဒင်း
  • ဝက်စ်ဘရွန်း နဲ့ ကျူပီအာ
  • ဝီဂံ နဲ့ အဲဗာတန်

ချဲလ်ဆီး နဲ့ နောရစ်ချ်

ဇယားထိပ်မှာ ရှိနေတဲ့ ချဲလ်ဆီးနဲ့ နောရစ်ချ်တို့ ပွဲမှာ ချဲလ်ဆီးဟာ နောရစ်နဲ့ နောက်ဆုံး တွေ့ခဲ့တဲ့ ပွဲတုန်းကတော့ ဂိုးမရှိ သရေကျခဲ့ပါတယ်။ နောရစ်ချ်က ပြီးခဲ့တဲ့ အပတ်က လစ်ဗာပူးနဲ့ ကျတုန်းကတော့ ငါးဂိုး အသွင်းခံရပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ခြေစွမ်းတက်နေတဲ့ ချဲလ်ဆီးနိုင်မယ်လို့ မှန်းကြပြီး ၂ ဂိုးပြတ်လောက် ဖြစ်နိုင်တယ်လို့ အားကစားသတင်း အကဲခတ်တွေက မှန်းနေပါတယ်။

ဝက်စ်ဟမ်းနဲ့ အာဆင်နယ်

ဒီညမှာ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်တို့လည်း ကန်ကြမှာပါ။ ဝက်စ်ဟမ်းမှာတော့ ဒဏ်ရာကြောင့် အနားယူထားတဲ့ အန်ဒီ ကာရိုးလ် ပြန်ကန်နိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်မှာတော့ ဒီယာဘီ နဲ့ ဂိုးသမား ချက်စနေ တို့ကတော့ ပြန်ကစား နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လတ်တလော ခြေစွမ်းပြနေတဲ့ ဂျာဗင်ညို နဲ့ အာဆယ်နယ် ရှေ့တန်းက လူသစ်တွေ ဖြစ်တဲ့ ကဇောလားနဲ့ ပိုဒေါ့စကီးတို့လည်း ဒီပွဲမှာ ဝင်ကန်နိုင်ကြမယ်လို့ ယူဆရပါတယ်။

အာဆင်နယ်ဟာ ဝက်စ်ဟမ်းနဲ့ ဆုံခဲ့တဲ့ ပြီးခဲ့တဲ့ ၈ ပွဲစလုံး အရှုံးမရှိခဲ့သလို ဝက်စ်ဟမ်းကလည်း အခုနောက်ဆုံး ပရီမီးယားလိဂ် ပွဲ ၄ ပွဲမှာ ရှုံးပွဲ မရှိသေးပါဘူး။ ဒီပွဲကလည်း ကြည့်ကောင်းမယ်ပွဲလို့ ဆိုကြသလို သရေ ဒါမှမဟုတ် ၁ ဂိုးလောက်ပဲ ပြတ်မယ်လို့ ခန့်မှန်းနေကြပါတယ်။

မန်စီးတီးနဲ့ ဆန်းဒါးလန်း

မန်ချက်စတာ စီတီးနဲ့ ဆန်းဒါးလန်းတို့လည်း ဒီည ကန်ကြမှာပါ။ စီးတီးဟာ ဒီနှစ် ဘောလုံးရာသီမှာ အရင်နှစ်ကလောက် တာထွက်သိပ်မကောင်းသေးပါဘူး။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးညက ချန်ပီယံစ် လိဂ် ပွဲမှာလည်း Dortmund နဲ့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ဒါပေမယ့် အခု ပွဲမှာတော့ အိမ်ကွင်းမှာ ကန်ရမယ့် မန်စီးတီးက အနိုင်ရဖွယ် ရှိပါတယ်။ ၂ ဂိုးလောက် ပြတ်နိုင်မယ်လို့ အားကစား အကဲခတ် တချို့က ခန့်မှန်းနေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။