BBC navigation

ချဲလ်ဆီး ၅-၄ မန်ချက်စတာ ယူနိုက်တက်

နောက်ဆုံး ရေးသားချိန် 31 အောက်တိုဘာလ 2012 - 22:38 GMT
Chelsea & Manchester United

ချဲလ်ဆီးဘက်က ရာမီရက်စ်က ပဉ္စမဂိုး သွင်းခဲ့

အောက်တိုဘာ ၃၁ ၊ ဗုဒ္ဓဟူးနေ့က ကန်ခဲ့တဲ့ အင်္ဂလန်က လိဂ် ကပ် ဘောလုံးပြိုင်ပွဲမှာ ချဲလ်ဆီးက မန်ချက်စတာ ယူနိုက်တက်ကို ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ပထမပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်က ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ကစားခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချဲလ်ဆီးက ချေပဂိုး ၂ ကြိမ် ပြန်သွင်းလို့ မိနစ် ၉၀ မှာ ၃ ဂိုးစီ သရေ ဖြစ်နေပါတယ်။ ဒါကြောင့် အချိန်ပို ကစားခဲ့ရပါတယ်။

ပွဲပြီးချိန်မှာ ချဲလ်ဆီးက ၅ဂိုး ၄ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ပင်နယ်တီနဲ့ သုံးဂိုး ဝင်ခဲ့ပြီး ချဲလ်ဆီးဘက်က ၂ ဂိုး၊ မန်ယူဘက်က အချိန်ပို ဒုတိယပိုင်းမှာ ၁ ဂိုး သွင်းခဲ့ပါတယ်။

ပြီးခဲတဲ့ တနင်္ဂနွေနေ့တုန်းက ပရီမီးယားလိဂ်ပွဲမှာတော့ မန်ယူဟာ ချဲလ်ဆီးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

နောရစ်ချ်နဲ့ တော့တင်ဟမ် ဟော့စပါးတို့ ပွဲမှာတော့ နောရစ်ချ်က ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပါတယ်။

လစ်ဗာပူးနဲ့ ဆွမ်ဆီးတို့ပွဲမှာ ဆွမ်ဆီးက ၃ - ၁ နဲ့ အနိုင် ရခဲ့ပါတယ်။

အင်္ဂါနေ့ကတော့ အာဆင်နယ်က ရက်ဒင်းကို ၇ ဂိုး ၅ ဂိုးနဲ့ အချိန်ပိုကစားပြီး အနိုင်ရခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။