BBC navigation

ချန်ပီယံစ် လိဂ် ရှုံးထွက် ပွဲစဉ်တွေ ထွက်ပြီ

နောက်ဆုံး ရေးသားချိန် 20 ဒီဇင်ဘာလ 2012 - 23:10 GMT

ရိုနယ်ဒိုဟာ မန်ယူက ထွက်သွားပြီး နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အိုထရဖို့ဒ် ကွင်းကို ပြန်လာ ကစားမယ်

UEFA ဥရောပ ချန်ပီယံစ် လိဂ် ဖလား နောက်ဆုံး ၁၆ သင်း ရှုံးထွက် ပွဲစဉ်တွေ အတွက် မဲနှိုက် ရာမှာ အင်္ဂလန်က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စပိန် လာလီဂါ ချန်ပီယံ ရီးရဲယ် မက်ဒရစ်နဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

ဒီအတွက် အရင် မန်ယူမှာ ကစား ခဲ့ပြီး ရီးရဲယ်ကို ပြောင်းရွှေ့ သွားတဲ့ ခရစ်တီရားနို ရိုနယ်ဒိုဟာ မန်ယူက ထွက်သွားပြီး နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အိုထရဖို့ဒ် ကွင်းကို ပြန်လာ ကစားရမှာ ဖြစ်ပါတယ်။

အာဆယ်နယ် အသင်း ကတော့ ဂျာမဏီက ဘိုင်ယန် မြူးနစ် နဲ့ တွေ့မှာ ဖြစ်သလို၊ စကော့ တလန်က ဆဲလ်တစ် ကတော့ အီတလီက ယူဗန်းတက်စ်နဲ့ ကစား ရမှာ ဖြစ်ပါ တယ်။

ချန်ပီယံစ် လိဂ်ကို ၄ ချိန် တိုင်တိုင် ဗိုလ်စွဲ ဖူးတဲ့ ဘာစီလိုနား ကတော့ ၇ ကြိမ် ဗိုလ်စွဲ ဖူးတဲ့ အေစီ မီလန်နဲ့ ကစား ရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲတွေ ကို ရှေ့နှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ မှာ စတင် ကစား ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။