BBC navigation

၂၀၁၂ အတွက် အားကစား သုံးသပ်ချက်

နောက်ဆုံး ရေးသားချိန် 30 ဒီဇင်ဘာလ 2012 - 20:30 GMT

မီဒီယာ ပလေးယား

၂၀၁၂ မြန်မာနဲ့ နိုင်ငံတကာ အားကစား သုံးသပ်ချက်

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

olympics

၂၀၁၂ အတွက် အမှတ်ရဖွယ် လန်ဒန် အိုလံပစ်ဖွင့်ပွဲ

၂၀၁၂ ခုနှစ်ဟာ ကမ္ဘာ့ အားကစား လောကမှာ ရင်ခုန်စရာ စိတ်လှုပ်ရှား စရာ အဖြစ်တွေနဲ့ ပြည့်နေခဲ့ တာပါ။

နိုင်ငံတကာ အားကစား ပြိုင်ပွဲတွေ အနေနဲ့ လန်ဒန် အိုလံပစ်နဲ့ ပါရာလံပစ် ပြိုင်ပွဲတွေကို ကျင်းပ ခဲ့ကြသလို၊ ယူရို ၂၀၁၂ ဘောလုံး ပြိုင်ပွဲတွေလည်း ကျင်းပခဲ့ကြပါတယ်။

တခါ ချန်ပီယံလိဂ်ပြိုင်ပွဲ မှာ မမျှော်လင့်ဘဲ ချဲလ်ဆီး ဗိုလ်စွဲ တာမျိုး၊ ပရီးမီးယား လိဂ်မှာ မန်စီးတီး အနှစ် ၄၀ ကျော်မှ တခါ ချန်ပီယံ ဖြစ်တာမျိုး တွေလည်း ရှိခဲ့သလို ဆီးရီးအေမှာ ယူဗင်းတပ်စ်တို့ ရှုံးပွဲမရှိ ဗိုလ်စွဲတာ၊ လာလီဂါမှာ ဘာစီလိုနာ လက်ထဲက ချန်ပီယံဆုကို ရီးယဲလ် မဒရစ် က ပြန်လွှဲ ယူလိုက်တာမျိုးတွေ စုံနေအောင် တွေ့ခဲ့ ရပါတယ်။

မြန်မာ့ အားကစား လောကမှာလည်း မြန်မာ အားကစားအဖွဲ့ အိုလံပစ်နဲ့ ပါရာလမ်ပစ် မှာ ဝင်ပြိုင်ခဲ့တာမျိုး နဲ့ ဘောလုံးက အမျိုးသား ယူ ၂၂ နဲ့ အမျိုးသမီး ယူ ၁၉ အသင်းတွေ သူတို့ ကိုယ်စီ ယှဉ်ပြိုင်ကြတဲ့ ခြေစစ်ပွဲတွေ အသီးသီး အောင်မြင်ခဲ့တာ တွေလည်း ရှိသလို မြန်မာ လက်ရွေးစင် အသင်းကြီးကလည်း ပြည်တွင်းမှာ ကျင်းပခဲ့တဲ့ ဆူဇူကီး ဖလား ဘောလုံး ပြိုင်ပွဲမှာ ခြေစစ်ပွဲကို ထိပ်ဆုံး က အောင်မြင်ခဲ့ပေမယ့် တကယ့် ပြိုင်ပွဲကြီးမှာတော့ နိုင်ပွဲမရှိဘဲ သရေတပွဲနဲ့ တဂိုးသာသွင်းပြီး အောင်ဖျာလိပ်လို့ အိပ်ပြန်အိပ် ခဲ့ရတာတွေလည်း ကြုံခဲ့ရပြန်ပါတယ်။

တခါ မြန်မာ့ ရိုးရာလက်ဝှေ့ သမားတွေကလည်း နိုင်ငံတကာက လာယှဉ် ပွဲတောင်းလာကြတဲ့ လက်ဝှေ့ကျော်တွေကို အသဲကောင်းကောင်းနဲ့ ယှဉ်ပြိုင် ထိုးသတ် အနိုင်ယူ ပြခဲ့ကြတာတွေလည်း တွေ့ခဲ့ရပါတယ်။

အဲဒီ ၂၀၁၂ အတွင်း အားကစား လောကတလွှားက မှတ်မှတ်ထင်ထင် အဖြစ်အဖုံဖုံ နဲ့အတူ လာမယ့် ၂၀၁၃ မြန်မာ နိုင်ငံမှာ ကျင်းပသွားမယ့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီး အတွက် ကြိုတင် ခန့်မှန်း သုံးသပ်ချက် တွေကိုပါ တင်ဆက် ပေးထားပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။