BBC navigation

ဘောလုံးသမား အပြောင်းအရွှေ့ သတင်းများ

နောက်ဆုံး ရေးသားချိန် 7 ဇန်နဝါရီလ 2013 - 17:45 GMT

David de Gea ဟာ ပြီးခဲ့တဲ့ ကာလတွေ အတွင်း ဂိုးဖမ်း စွမ်းဆောင်ရည် သိပ်မပြနိုင်ခဲ့ပါ

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ Sir Alex Ferguson က အသက် ၂၂ နှစ် အရွယ် ဂိုးသမား David de Gea ကို ရောင်းဖို့ ရှိပြီး အခု ဇန်နဝါရီ အပြောင်း အရွှေ့ ရာသီမှာ ဂိုးသမား အသစ် တဦး ထပ်ဝယ်ဖို့ စဉ်းစားနေ ပါတယ်။

စပိန် ဂိုးသမား အနေနဲ့ ပြီးခဲ့တဲ့ ကာလတွေ အတွင်း ဂိုးဖမ်း စွမ်းဆောင်ရည် သိပ်မပြနိုင်ခဲ့ ပါဘူး။ အထူး သဖြင့် စနေနေ့က West Ham နဲ့ ကစားရာမှာ ပေးလိုက် ရတဲ့ ၂ ဂိုး စလုံးကို သူ ပိုင်ပိုင် နိုင်နိုင် မဖမ်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် နောက်ထပ် ဂိုးသမား တစ်ဦး ထပ်ရှာဖို့ ရှိတယ်လို့ Daily Mirror သတင်းမှာ ဖော်ပြထား ပါတယ်။

မန်ယူက နောက်ထပ် ဂိုးသမား ဒိန်းမတ်က Anders Lindegaard ကိုတော့ ဆက်ထားဖွယ် ရှိတယ်လို့ သိရပါတယ်။

အာဆင်နယ် အသင်း နည်းပြ Arsene Wenger ကလည်း အခု ဇန်နဝါရီလမှာ ကစား သမား ၂ ဦး ဝယ်ယူဖို့ စဉ်းစားနေ ပါတယ်။ အာဆင်နယ်ဟာ ဒီနှစ်ဦးမှာ သရေနှစ်ပွဲ ကစားခဲ့ ရပါတယ်။ နှစ်သစ်ကူးရက်က Southampton နဲ့ ၁ ဂိုးစီ သရေကျခဲ့ သလို FA ဖလားမှာ လည်း ဆွမ်ဆီးနဲ့ ၂ ဂိုးစီ သရေကျ တာတွေက Arsene Wenger အတွက် လူအင်အား ထပ်ဖြည့်ဖို့ ပိုသေချာနေ ပါတယ်။

နောက်ပြီး အာဆယ်နယ်က Marouane Chamakh က ဝက်စ်ဟမ်းကို ပြောင်းသွား သလို Johan Djourou ကလည်း Hannover ကို အငှားစာချုပ်နဲ့ ရောက်သွား တာကြောင့် လစ်လပ် နေတဲ့ နေရာတွေမှာ အစားထိုးဖို့လည်း ရှိနေ ပါတယ်။

Arsene Wenger အနေနဲ့ ဘာစီလိုနားက David Villa, Montpellier က နောက်တန်း သမား Mapou Yanga-Mbiwa နဲ့ Wigan က အလယ်တန်း သမား James McCarthy တို့ကို မျက်စိ ကျနေတယ် ဆိုတဲ့ အသံတွေ ထွက်နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။