BBC navigation

မန်နေဂျာ ဂွာဒီယိုလာ ဘိုင်ယန်ကို လာမယ်

နောက်ဆုံး ရေးသားချိန် 16 ဇန်နဝါရီလ 2013 - 19:02 GMT
Guardiola

ဂွာဒီယိုလာဟာ ဖလားပေါင်းများစွာ ဆွတ်ခူးပေးနိုင်ခဲ့

စပိန်က ထိပ်တန်း ဘောလုံးကလပ်အသင်း ဘာစီလိုနားက နာမည်ကြီး နည်းပြဟောင်း Pep Guardiola ဟာ ဂျာမနီက Bayern Munich အသင်းမှာ မန်နေဂျာ တာဝန်ယူတော့မှာ ဖြစ်ပါတယ်။

စပိန်လူမျိုး ပက်ပ် ဂွာဒီယိုလာဟာ အခု ဘောလုံးအရာသီအကုန်ကနေ ၂၀၁၆ ထိ ၃ နှစ်စာချုပ်ချုပ်လိုက်တာ ဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ် အသင်းက ထုတ်ပြန်ပါတယ်။ ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ နှစ်လယ်က ဘာစီလိုးနားက ထွက်ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။

လက်ရှိ ဘိုင်ယန် အသင်းနည်းပြ Jupp Heynckes က အနားယူတော့မှာ ဖြစ်ပါတယ်။

ဂွာဒီယိုလာကို အင်္ဂလန် ပရီမီးယားလိဂ်က ချဲလ်ဆီးနဲ့ မန်ချက်စတာ စီးတီးတို့ကလည်း စိတ်ဝင်စားကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ် ဂွာဒီယိုလာဟာ သူမန်နေဂျာအလုပ် တလျောက်လုံးမှာ ဖလား ၁၄ ခု ရရှိခဲ့ဘူးပြီး အဲဒီထဲမှာ ထိပ်တန်း ချန်ပီယံစ် လိဂ် ဖလား ၂ ခုလည်း ပါဝင်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။