BBC navigation

မြောက်ကိုရီးယားကို ထပ်မံ ပိတ်ဆို့မလား

နောက်ဆုံး ရေးသားချိန် 5 မတ်လ 2013 - 22:55 GMT
north korea

မြောက်ကိုရီးယား အဏုမြူ စမ်းသပ်မှု အတွက် ပြုံယမ်းမှာ အောင်ပွဲခံ

အရင်လ က လုပ်ခဲ့တဲ့ မြောက် ကိုရီးယား အဏုမြူ စမ်းသပ်မှု ကို တုံ့ပြန်တဲ့ အနေနဲ့ မြောက် ကိုရီးယား ဘဏ္ဍာရေး စနစ်ကို ပထမဆုံး အကြိမ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေ လုပ်ဖို့ အမေရိကန်က ကုလသမဂ္ဂမှာ တောင်းဆို လိုက်ပါတယ်။

မြောက်ကိုရီးယား ရဲ့ ငွေလွှဲငွေယူ ကိစ္စတွေ၊ မြောက်ကိုရီးယား သံတမန် တွေရဲ့ ဥပဒေ နဲ့ မညီတဲ့ အပြုအမူတွေကို အဓိကထား ကိုင်တွယ် ဆောင်ရွက်မယ့် ဆုံးဖြတ်ချက် မူကြမ်း ရေးဆွဲရေး အတွက် တရုတ် နိုင်ငံကို ထောက်ခံသွားမယ်လို့ အမေရိကန် သံအမတ် ဆူဆန်ရိုက်စ်က ပြောကြားလိုက်ပါတယ်။

မြောက် ကိုရီးယားကို ပြင်းပြင်းထန်ထန် သတိပေးဖို့လဲ တရုတ် သံအမတ်ကြီးက ပြောကြား ခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ဆက်လုပ်နေတာနဲ့ ပိတ်ဆို့မှုတွေ လုပ်ဖို့ အသံထွက် လာချိန်မှာ မြောက် ကိုရီးယား ဘက်ကလဲ ကိုရီးယား စစ်ရပ်စဲရေး စာချုပ်ကို ဖျက်ပစ်မယ်လို့ တန်ပြန် ခြိမ်းခြောက် ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။