မန်ယူနည်းပြ ဖာဂူဆန် အနားယူတော့မယ်

မန်ယူနည်းပြ ဖာဂူဆန် အနားယူတော့မယ်
Image caption မန်ယူအသင်း မန်နေဂျာ ဖာဂူဆန်

အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ပူပူနွေးနွေ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အသင်းက နည်းပြ ဆာ အဲလ်လက်စ် ဖာဂူဆန်ဟာ အခု ဘောလုံးရာသီ အကုန်မှာ အနားယူတော့မှာ ဖြစ်ပါတယ်။

အသက် ၇၁ နှစ်အရွယ် နည်းပြ ဖာဂူဆန်ဟာ မန်ယူမှာ ၂၆ နှစ်ကြာ ကြီးကြပ် တာဝန် ယူလာခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ နည်းပြ သက်တမ်းမှာ မန်ယူအတွက် ဖလား ၃၈ ခုကို ဆွတ်ခူး ပေးနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ဥရောပ ချန်ပီယံစ်လိဂ် ဖလား ၂ ခုနဲ့ အင်္ဂလန်က ပရီမီးယား လိဂ် ဖလား ၁၃ ခု ပါဝင်ပါတယ်။

သူ့အနေနဲ့က အနားယူချိန် ရောက်ပြီဖြစ်လို့ နားတော့မှာ ဖြစ်တယ်၊ ဒါပေမယ့် ဒီလို ဆုံးဖြတ်ချက်ချဖို့ အတော်လည်း စဉ်းစားခဲ့ရတယ်လို့ ဖာဂူဆန်က ပြောပါတယ်။ အသင်းအတွက်လည်း အကောင်းဆုံး အနေအထား ဖြစ်အောင် လုပ်ပေးထား ခဲ့တယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။

သူ့နေရာမှာ ဘယ်သူ ဝင်လာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် အင်္ဂလန်က လောင်းကစား ဒိုင်တွေကတော့ အဲဗာတန် နည်းပြ ဒေးဗစ် မွိုင်းစ် နဲ့ ရီယဲလ် မက်ဒရစ် နည်းပြ ဂျိုဆေး မော်ရင်ဟို တို့ ဖြစ်နိုင်ချေ အရှိဆုံး အဖြစ် လောင်းကြေး တင်ထား ကြပါတယ်။