မန်ယူက ဒေးဗစ် မွိုင်းစ်ကို မန်နေဂျာ ခန့်ဖို့ရှိ

  • 9 မေ 2013
David Moyes
Image caption လက်ရှိ အဲဗာတန် မန်နေဂျာ ဒေးဗစ် မွိုင်းစ်

မန်ချက်စတာ ယူနိုက်တက် ဘောလုံး ကလပ် အသင်းရဲ့ နာမည်ကျော် မန်နေဂျာကြီး ဆာ အဲလက်စ် ဖာဂူဆန် အနားယူတော့ မယ်လို့ ကြေငြာပြီး နောက်တနေ့မှာပဲ မန်ယူရဲ့ မန်နေဂျာ အသစ် အဖြစ် အဲဗာတန် ကလပ် အသင်း မန်နေဂျာ ဒေးဗစ် မွိုင်းစ်ကို ခန့်အပ်မယ့်အကြောင်း မကြာခင် ကြေညာဖို့ ရှိနေပါတယ်။

ဒီတရက်အတွင်း ကြေညာမယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိ မန်နေဂျာ ဆာ အဲလက်စ် ဖာဂူဆန်ကတော့ မန်ယူအသင်းမှာ ၂၆ နှစ်ကြာ တာဝန်ယူ အုပ်ချုပ်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ကပဲ အနားယူတော့မယ့်အကြောင်း ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ဒေးဗစ် မွိုင်းစ် ဟာ ငွေ သိပ်မသုံးနိုင်ဘဲနဲ့ အဲဗာတန်ကို အောင်မြင်တဲ့ ကလပ်အသင်းတခု အဖြစ် ကြာရှည် ရပ်တည်နိုင်အောင် စွမ်းဆောင်ခဲ့တာကို ဘောလုံး အကဲခတ်တွေက ချီးကျူးကြပါတယ်။

ဒေးဗစ် မွိုင်းစ်အနေနဲ့ အသင်းကို ရောက်ရောက်ချင်း ပထမဆုံး ရင်ဆိုင်ရမှာကတော့ တိုက်စစ်မှူး ဝိန်း ရူနီကို အသင်းမှာ ဆက်နေဖို့ စည်းရုံး လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

မန်ယူကတော့ ရူနီကို မရောင်းဘူးလို့ ပြောပေမယ့် ရူနီကတော့ အသင်းကနေ ထွက်ခွာနိုင်ချေ ရှိကြောင်းကို ပြီးခဲ့တဲ့ ၂ ပတ်ကပဲ ဖာဂူဆန်နဲ့ စကားပြောခဲ့တယ်လို့ သိရပါတယ်။

မန်ယူအနေနဲ့ သူတို့ရဲ့ ထိန်တန်း အသင်းသားဟောင်းဖြစ်တဲ့ လက်ရှိ ရီယဲလ် မက်ဒရစ်အသင်းက စီ ရော်နယ်ဒိုကိုလည်း ပြန်လည် ဝယ်ယူနိုင်ဖွယ် ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ